Zawgyi
တစ်ကြိမ်တစ်ခါလောက် ကြိုးစားကြည့်လိုက်တာက ဘာမှမလုပ်ဘဲနေတာထက်စာရင် တစ်စုံတစ်ခုသော ပြောင်းလဲမှုကို ရစေတယ်တဲ့...။
အဲ့ဒီနေ့က..ကျွန်မအတွက် အကြီးမားဆုံးပြောင်းလဲမှုကြီးကို ဖြစ်စေခဲ့တယ်..။
ကောင်းတဲ့ရလဒ်လား ပိုဆိုးသွားတဲ့ရလဒ်လားဆိုတာကိုတော့ မသေချာပေမယ့်ပေါ့..။
❇◌❇◌❇◌❇◌❇◌❇◌❇◌❇◌❇◌❇◌❇◌❇◌❇
"Ti..ti..ti..ti.."
ဒီနေ့ကတော့ ChaeRimအတွက် သာမန်နဲ့မတူတဲ့ နေ့တစ်နေ့ဖြစ်တာမို့ 6နာရီထိုးတိုင်း အချက်ပေးနေကြ နှိုးစက်သံကို ခါတိုင်းလိုမျိုး လျစ်လျူမရှုတော့ဘဲ နေရောင်အနည်းငယ် ဖြာကျနေတဲ့ မျက်လုံးအစုံကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ်။
နောက်တော့ အိပ်ရာခေါင်းရင်းမှာရှိတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်ရင်း အခန်းအပြင်ဘက်ကို ကြည့်လိုက်တော့ တိမ်တိုက်အနည်းငယ်နဲ့ ကောင်းကင်ပြာပြာကြီးကို တွေ့လိုက်ရတာကြောင့် အသက်တစ်ချက်ကို ခပ်ဝဝ ရှူထုတ်လိုက်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းလိုက်မိတယ်...။
"ဒီနေ့တော့..ရာသီဥတုကြီးက ငါ့ဘက်မှာရှိတာပဲ..၊ ငါ အောင်မြင်မယ်ဆိုတဲ့ အဓိပ္ပာယ်များလား"
တစ်ယောက်တည်း အဓိပ္ပာယ်ကောက်ချင်ရာကိုကောက်ရင်း နှုတ်ခမ်းတစ်စုံကို ကွေးညွှတ်ပြီး အပြုံးတစ်ပွင့်ကို အလှဆင်မိရဲ့။
အမြဲတမ်း ခပ်စောင်းစောင်း စည်းတတ်တဲ့ ကျောင်းဝတ်စုံက necktieကို ဒီနေ့တော့ သပ်သပ်ရပ်ရပ်စည်းရင်း..
နဖူးပေါ်ကို ကျနေတဲ့ အနက်ရောင် ဆံပင်ရှည်ရှည်ကို ငွေရောင်ကလစ်သေးသေးလေးနဲ့ သိမ်းလိုက်ပြီးတော့..
ခရမ်းဖျော့ရောင် အနွေးထည်အပါးကို ကောက်ဝတ်လိုက်တယ်..။ပန်းနုရောင် နှုတ်ခမ်းနီအဆီကို နှုတ်ခမ်းပါးပါးတွေထက်မှာ နေရာယူစေလိုက်ပြီးတဲ့နောက်မှာတော့ ဒီနေ့အတွက် သူမရဲ့ ပြင်ဆင်မှုက ပြီးဆုံးသွားပြီပဲဖြစ်တယ်...။
"ဒီလောက်ဆို..MinHo ငါ့ကို သဘောကျသွားလောက်မလား..၊ ဒါမှမဟုတ်လည်း သူတို့ခေါ်တဲ့ LeeKnowကပေါ့လေ.."
YOU ARE READING
Sudden Rain • {SKZ LeeKnow×OC}(Eden Contest)
Fanfiction"Just like the sudden rain, You unexpectedly came to me and left again." Stray Kids Lee Know × OC Written in Myanmar(Zawgyi+Unicode)