Zawgyi
"ရော့..နင်မှာထားတဲ့ အမေရိကာနို"
ကော်ဖီသောက်ချင်တယ်လို့လာပြောတာကလည်း သူအရင်ဖြစ်ပြီးတော့ မိုးတွေရွာနေတဲ့ကြားက ကျောင်းကန်တင်းက ကော်ဖီဆိုင်ကို သွားချင်တာလည်း သူပဲဆိုပေမယ့်
တန်းစီပြီး မှာရမယ့်အချိန်မှာတော့ သူက အကြာကြီးမစောင့်ချင်ဘူးဆိုပြီး ChaeRimကိုသာ လွှတ်လိုက်လေရဲ့။"ဟီးဟီး..thank you..thank you"
လိုချင်တာရသွားတော့မှ ChaeRimရဲ့လက်ထဲက ကော်ဖီခွက်ကို လှမ်းယူရင်း ကလေးတစ်ယောက်လိုမျိုး တောက်တောက်ပပပြုံးပြလေရဲ့။
("ကောင်စုတ်..အဲ့လို အပြုံးတွေနဲ့ပြုံးမပြပါနဲ့ဆိုမှ ငါသဘောကျအောင် တမင်ထပ်လုပ်နေပြန်ပြီ")
"အာ..ဒါနဲ့..ရော့"
နှစ်ယောက်လုံးကော်ဖီသောက်နေရင်း ရုတ်တရက် MinHoက သူ့ရဲ့ ကုတ်အင်္ကျီအိတ်ကပ်ထဲကနေ ထုတ်ပေးလိုက်တဲ့ အဝါရောင်ကျူးလစ်ပန်းတစ်ပွင့်ကြောင့် အံ့သြသွားမိတယ်။
"ဘာလဲ..ဒါက"
"ပန်းလေ...နင် ကျူးလစ်ပန်းကြိုက်တယ်မလား.."
ပန်းတွေထဲမှာ ကျူးလစ်ပန်းတွေကို အကြိုက်ဆုံးဆိုတာကို တစ်ခါမှ ပြောပြထားခြင်းမရှိပေမယ့် တိုက်တိုက်ဆိုင်ဆိုင် MinHoက လာပေးတာလည်း ကျူးလစ်ပန်းပဲမို့ အတော်လေး ပျော်သွားမိတယ်။
"ဒါနဲ့ ဘာလို့ရုတ်တရက်ကြီးလဲ.."
ပုံမှန်ဆိုရင် ကောင်လေးတွေက သူတို့သဘောကျတဲ့ ကောင်မလေးတွေကိုပဲ ပန်းပေးကြတာမျိုးမို့ မဖြစ်နိုင်မှန်းသိပေမယ့် ChaeRimလည်း အနည်းငယ်တော့ မျှော်လင့်မိသွားလေရဲ့။
ရုတ်တရက်ကြီး ဘာလို့ ကျူးလစ်ပန်းလဲ..
"....ငါ့ကို ခုနက ကောင်မလေးတစ်ယောက် လာပေးလို့...ငါက ပန်းကြီးကို ဘာမှမှလုပ်စရာမရှိတာ..နင့်ကိုပဲ ပေးရမှာပေါ့"
အလကားနေရင်း တစ်ယောက်တည်း မျှော်လင့်မိရာကနေ ကြားချင်နေတဲ့ အဖြေမဟုတ်တာကြောင့် တစ်ယောက်တည်း စိတ်ညစ်သွားမိတာမို့ သူမသိအောင်ပဲ သက်ပြင်းတစ်ချက်ချလိုက်မိတယ်။
YOU ARE READING
Sudden Rain • {SKZ LeeKnow×OC}(Eden Contest)
Fanfiction"Just like the sudden rain, You unexpectedly came to me and left again." Stray Kids Lee Know × OC Written in Myanmar(Zawgyi+Unicode)