Part-17

77 12 0
                                    

Zawgyi
လင်းလက်သည် တစ်ရှူးကိုအမြန်ယူရန်ကြိုးပမ်းလိုက်သော်ငြား လက်ပိုမြန်သောဆူးဆူးက တစ်ရှူးတစ်စကိုဆွဲဖြတ်ကာ သူမပါးကို သုတ်ပေးလာလေသည်။

"ရတယ်။ ငါကိုယ့်ဘာသာလုပ်မယ်။"

လင်းလက်သည် ချက်ချင်းဆိုသလို မျက်နှာပျက်သွားပြီးနောက် ဆူးနှင်းမေလက်ထဲမှတစ်ရှူးစကို ယူလိုက်လေသည်။ ထို့နောက် သူမဘာသာ သူမပါးကိုသုတ်လိုက်လေသည်။

"ဘာလို့လဲ။ ငါနင့်ကိုထိလို့မရဘူးလား။"

"မဟုတ်ပါဘူး။ နင့်လက်ပေသွားမှာစိုးလို့။"

"လင်းလက်..."

ဆူးနှင်းမေသည် မျက်နှာလေးညိုးသွားကာ မေးလာလေသည်။

"ငါနင်မကြိုက်တာတစ်ခုခုလုပ်ထားမိလို့လားဟင်။"

"မလုပ်ထားပါဘူး။ စိတ်မကောင်းမဖြစ်နဲ့တော့။ စားစား"

လင်းလက်သည် အကင်တစ်ခုကို ဆူးနှင်းမေပါးစပ်ထဲထိုးထည့်လိုက်ရင်း စကားလမ်းကြောင်းကိုလွှဲလိုက်လေသည်။ သို့သော် သေချာသည်က သူမ၏အကြည့်များထဲတွင် အမုန်းတစ်စုံတစ်ရာရှိမနေပါချေ။

လည်ပြီးပတ်ပြီးလို့အိမ်ပြန်လာချိန်တွင်တော့ မိခင်ဖြစ်သူအကြိုက် ချိုဆိမ့်တစ်ခွက်ပါသည်။ ခွက်ထဲသေချာထည့်ကာ ဧည့်ခန်းတွင်ထိုင်နေသော သူမဆီပေးလိုက်လေတော့ ဖတ်လက်စစာအုပ်ကိုဘေးချကာ ယူလေသည်။

တစ်ငုံမျှသောက်ကြည့်ပြီးနောက်မှာတော့ သူမမျက်နှာသည် ပြုံးရွှင်လို့သွားလေတော့သည်။

"ဒါက လမ်းထိပ်ဆိုင်ကမလား။ ဒီအရသာက အကောင်းဆုံးပဲ။"

"ကျွန်တော် ဒီနေ့ညစာချက်မယ်နော်မေမေ။"

ဇန်သည် ဘာချက်ရမလဲတွေးနေမိစဉ်မှာပဲ ဒေါ်သက်ထားသည် သောက်နေဆဲခွက်ကို နှုတ်ခမ်းမှခွာကာ အမြန်တားလာလေသည်။

"အွန်း... နေဦး။ မချက်နဲ့။ နွယ်နွယ်က ဟင်းပို့ထားတယ်။"

"ဟုတ်"

ဒေါ်သက်ထားနားထိုင်ကာ ဖုန်းကိုဖွင့်ခိုက် ဒေါ်သက်ထားက ပြောလာပြန်သည်။

ပြုံးတော်မူDove le storie prendono vita. Scoprilo ora