သူ(part 1)

471 18 0
                                    

ဒီနေ့တော့ထူးထူးဆန်းဆန်းစိတ်တွေကြည်နေတယ် ကျောင်းကလဲပိတ်ထားတာ3လလောက်ရှိပြီဆိုတော့သူ့ကိုလဲအရမ်းလွမ်းနေပြီလေ အခုကျောင်းပြန်ဖွင့်ပြီဆိုတော့ကျွန်တော့်ရဲ့ပျော်ရွှင်မှုလေး ကျွန်တော့်ရဲ့ဖြစ်တည်ရာလေးကိုတွေ့ရတော့မည်ဖြစ်၍ ကျွန်တော့်ရဲ့နှလုံးသားတစ်နေရာကခုန်ပေါက်နေခဲ့သည်

jin-သားရေဒီနေ့ကျောင်းစတက်ရမယ့်နေမလား ရေမိုးချိုးပြီးမနက်စာလာစားတော့

အသံစူးစူးလေးကိုကြားသည်နှင့်တစ်ပြိုင်နက်jiminပြန်တုန့်ပြန်လိုက်သည်

jimin-ဟုတ် ပြီးတော့မယ်

jinလဲjiminအခန်းရှေ့ကနေဆုတ်ခွာခဲ့ပြီး သူ၏ယောက်ကျားဖြစ်သူ namjoonရှိသောထမင်းစားခန်းသို့လျှောက်လာခဲ့သည်

jin-စားပြီပြီလားအဂျွန်း‌

namjoon-မစားသေးဘူးမင်း သားကိုစောင့်နေ‌တာ

jin-ဘာမင်း သားလဲ ရှင့်သားး

namjoon-မင်း သားပါကွာ ပြောင်စပ်စပ်နဲ့စွာလဲစွာသေးပဲကလဲများသေးတယ် မင်းနဲ့တစ်ပုံစံထဲ လည်လိုက်တာဆိုတာကလဲမွှတ်နေတာပဲ

jin-ချောတာကိုလဲ‌ထည့်ပြောအုံးလေ ငါချောသလိုငါ့သားကလဲကြွေရုပ်ကလေး ဟွန့်

namjoon-အေးပါကွာ အချစ်ကလေးပဲအချောဆုံးပါ

jin-ပြီးရော

ထိုအချိန်လှေကားပေါ်ကဆင်းလာသောကောင်ငယ်လေးဆံပင်ကိုရွှေအိုရောင်လေးဆိုးထားပြီးပထမဆုံးကျောင်းတက်ရက်မို့လို့ပြင်ဆင်ထားတာတကယ့်ကြွေရုပ်လေးအတိုင်း

jimin-အဆင်သင့်ဖြစ်ပါပြီ

jin-ဖြစ်ပြီဆိုထမင်းလာစား သားအဖေနဲ့တူတူသွားနော်ကြားလား

jimin-ဟုတ်

namjoon-သားရေ မင်းသူငယ်ချင်းtaehyungဆိုတဲ့တစ်ယောက်ရောအခုတလောမတွေ့မိပါလား

jimin-ဟုတ်တယ် သူ့အဘွားတို့ရွာကိုခဏသွားတယ်

namjoon-ဟေ ကျောင်း‌မတက်တော့ဘူးလား

jimin-ဟာ appaကလဲ တက်မှာပါသူတက်မယ်လို့သေချာပြောခဲ့တာ

namjoon-အော် အင်းပါ

သူWhere stories live. Discover now