"hobi hyung"
"ဟေ"
"ကျွန်တော်နဲ့ ခရီးသွားရင် လိုက်မှာလား"
"ဘယ်ကိုလဲ"
"နေရာ အတည်တကျမရှိဘူး"
"မရှိပဲနဲ့"
"Yoongi hyungတောင်သွားမယ်ပြောနေတာကို"
"သူကလား...?"
"အင်း"
"မင်းတို့ ဘာဖြစ်ကြတာတုန်း ရုတ်တရက်ကြီး"
"ဒီတိုင်းပဲခရီးထွက်ချင်လာလို့ အိမ်မှာနေရတာ မွန်းကြပ်တယ်"
"မင်းတို့နှစ်ယောက်ထဲလား"
"မသိသေးဘူး ကျောင်းကလူတွေကို ခေါ်ကြည့်ချင်သေးတယ်"
"မင်းတို့ဟာက ဘာမှ ရေရေရာရာလဲ မရှိပါလားကွာ"
"နောက် စီစဉ်လို့ရတာပဲ လိုက်မှာလားလို့"
"လိုက်မယ်လေ သွားမယ့်ရက် သတ်မှတ်ပြီးရင်ပြော ပြင်ဆင်ထားရအောင်လို့ လောလောဆယ်တော့ သွားစရာရှိသေးလို့ သွားပြီ"
"ဘယ်ကိုလဲ"
"ငါ့အမေသူငယ်ချင်းတစ်ယောက်အိမ်ပါ အလည်ခေါ်ထားတာ မရောက်တာလဲကြာနေပြီမို့လို့"
"ဂရုစိုက်သွားနော်"
Hobiဆိုသူမှာ jungkook၏ တစ်ဝမ်းကွဲညီဖြစ်ပြီး ငယ်ငယ်ကတည်းက တူတူနေလာကြသည်မို့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြလေ၏
------------------------------
"သား ထယ်လေး ဒီဟာလေးဝတ်ကြည့် သားနဲ့ဆို သိပ်လိုက်မှာ"
"မဝတ်ချင်ဘူး အမေတို့က သားကိုဘာမှလဲ မပြောပဲနဲ့ ဒီလိုလုပ်ရလား ဟင့်"
"သားရယ် ဒီတိုင်းတွေ့ရုံပဲလို့ အမေပြောတယ်လေ"
"တွေ့ပြီးဘာလုပ်ရမှာလဲ မမြင်ဖူးတာလဲ မဟုတ်ပဲနဲ့"
လူတစ်ယောက်နဲ့တွေ့ဖို့ဘာလို့ အဲ့လောက်ထိ ခက်နေတာလဲလို့ သူစဉ်းစားမိတိုင်း ငိုချင်လာသည် ထိုလူမှာတစ်ခြားလူမဟုတ် စေ့စပ်ဖို့ လူကြီးချင်းသဘောတူထားသောသူ ဖြစ်လေသည် taeကိုဘာမှမပြောပဲစီစဉ်ထားမှန်းနောက်ကျမှ သိရသည်မို့ နည်းနည်းတော့ ဒေါသထွက်မိတာတော့အမှန်ပင်
YOU ARE READING
သူ