"ဟို ဟို"
"ဗျာ ကျွန်တော့်ကိုခေါ်တာလား??"
"ဟုတ် ဟုတ်တယ်ဗျ"
အသံကြားရုံနဲ့တင် ရင်ဘတ်တစ်ခြမ်းလုံး ခုန်ပေါက်လာခဲ့ရပြီမို့ ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းရင်း သကြားလုံးတွေကိုသာ သူ့လက်ထဲအတင်းထိုးထည့်နေမိသည်။
"ကျွန်တော့်ကို လာပေးတာလား??"
"ဟုတ်တယ်ဗျ လက်ခံပေးပါနော်"
Jiminတစ်ယောက်ရင်ဘတ်တင်ပါမက တစ်ကိုယ်လုံးတုန်ရီလာတာမို့ သူ့ရှေ့ကနေအမြန်ဆုံးသာပြေးထွက်လာခဲ့သည်။
Jimin-ဟူးးးးး
Tae-ဘယ်လိုလဲအဆင်ပြေခဲ့ရဲ့လား?
Jimin-မပြောချင်တော့ပါဘူးကွာ ငါကြောက်ကြောက်နဲ့ သကြားလုံးတွေပဲ အတင်းထိုးထည့်ခဲ့တာကွ
Tae- ဟားဟား မင်းကတော့လုပ်လိုက်ရင်တလွဲကြီးပဲ
Jimin-ငါလဲ ရင်တွေတုန်နေခဲ့တာကွTae-ကျောင်းဆင်းရင် ငါ့ကိုမစောင့်နဲ့တော့ ငါ့အဖေလာကြိုမယ်တဲ့
Jimin-အေးပါကွ
ကျောင်းဆင်းချိန်သို့ရောက်သော်~~~~~
Tae-ငါသွားပြီ မိုချီလုံး
Jimin-အင်းအင်း
"ဟူးး ဒီညနေတော့ တစ်ယောက်ထဲအိမ်ကို လမ်းလျှောက်ပြီးပဲ ပြန်တော့မယ်ကွာ"
ရုတ်တရက် ပြိုတော့မည့်ကောင်ကင်သကဲ့သို့မိုးသားများက အုံ့မှိုင်းလာခဲ့သည်။
"ဒုက္ခပါပဲကွာ ထီးလဲမပါလာဘူး ဒီတိုင်းမိုးရေထဲပြန်ရတော့မယ်"
နေ့လယ်ကငါ့ကိုသကြားလုံးတွေလာပေးသွားတဲ့ ချာတိတ်မလား မိုးရွာထဲထီးမပါဘူးလားမသိဘူး
ဟင် jungkookပါလား
နေ့လည်ကအဖြစ်အပျက်ကိုပြန်မြင်သတိရပြီး jungkookနဲ့ထိပ်တိုက်မတွေ့အောင် ခေါင်းကိုငုံ့ကာ ဖြည်းဖြည်းပဲလမ်းလျှောက်နေစဉ်
"ဟိတ် ချာတိတ်"
"ဟင်"
"နေ့လည်က သကြားလုံးတွေလာပေးသွားတဲ့ ချာတိတ်မဟုတ်လား"
YOU ARE READING
သူ