Part(15)

1.5K 104 1
                                    

Unicode
.ငါမားကိုစိတ်ပျက်အောင်လည်း မလုပ်ချင်ဘူး ရှောင်းကျန့်ကိုလည်းချစ်တယ်လို့ပြောပြီးပြီလေ.

.ကျစ် မင်းကငါ့ကိုတော်တော်စိတ်ပျက်စေတာပဲ.

.မင်းသာရှောင်းကျန့်ကိုပြန်မပြောနဲ့လို့.

.ငါပြန်ပြောစရာမလိုလည်းသိနေလောက်ပါပြီ.

.ဟမ် မင်းဘာတွေပြော?.

တံခါးကိုကြည့်လိုက်တော့ ပွင့်လျက်သား ရှောင်းကျန့်ကလက်ထဲက အထုတ်တွေကို တင်းတင်းစုတ်ပြီး ကိုင်ထားတယ် ပြီးတော့ရှောင်းကျန့်မျက်နှာက နီရဲနေပြီး မျက်ရည်တွေ ဝဲနေသလိုပဲ ယွီပင်းနဲ့ငြင်းနေတာနဲ့ ဘယ်အချိန်ထဲကရောက်နေလဲသူမသိလိုက်

ဟွားလုချက်ချင်းထသွားပြီး

.ရှောင်းကျန့် ကိုယ်က..

.ငါ့ကိုဘာမှလာမပြောနဲ့.

ဟွားလုလန့်သွားပြီး လက်ကိုကိုင်လိုက်ဖို့လုပ်လိုက်ပေမယ့်လည်း

.လာလည်း မကိုင်နဲ့ ခွေးမသား.
အမှန်တိုင်းပြောရရင် ဒါရှောင်းကျန့်ဘဝမှာ ပထမဆုံးဆဲဖူးခြင်းပဲ

အထုတ်တွေချပြီး ကျောင်းအားကစားကွင်းရောက်အောင်ပြေးဖို့လုပ်လိုက်တယ်

ဟွားလုကလိုက်သွားဖို့လုပ်ပေမယ့် ယွီပင်းက
ဟွားလုလက်ကိုကိုင်ပြီးတားလိုက်တယ်

.မလိုက်သွားနဲ့ သူ့အတွက်အချိန်လိုတယ် မင်းလည်းပြန်စဥ်းစား ဘယ်သူ့ကိုရွေးမှာလဲ ငါစောနတုန်းကပြောခဲ့သလို နှစ်ခုလုံးတော့မရဘူး တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရတာ လောကကြီး သဘာဝပါပဲလေ ငါသွားပြီ.

ထွက်သွားတဲ့ယွီပင်း နောက်ကျောကိုကြည့်နေပြီးဆိုဖာပေါ် အရုပ်ကြိုးပျက် ထိုင်ချလိုက်တယ် သူရွေးချယ်ရတော့မှာပဲ ဒါပေမယ့် ရှောင်းကျန့်ကို သူချစ်တယ်လေ သူလက်ထပ်လိုက်လည်းရှောင်းကျန့်ကိုပဲချစ်နေမှာလေ ဘာပြဿနာရှိနေလို့လဲ မားလည်းစိတ်ချမ်းသာ သူလည်းစိတ်ချမ်းသာ အကုန်စိတ်ချမ်းသာတယ်လေ  တွေးနေရင်းပဲ ဖုန်းသံကြားလို့ကိုင်လိုက်တော့

.သားရေ ညလေယာဥ်နဲ့လိုက်ခဲ့နော် သားကိုလာကြိုဖို့ ကားလည်း လွှတ်ထားတယ်.

𝐖𝐡𝐨 𝐈𝐬 𝐓𝐡𝐞 𝐖𝐢𝐧𝐧𝐞𝐫?🔞Where stories live. Discover now