Part(9)

2.2K 128 0
                                    

Unicode
လွန်ခဲ့တဲ့ ခြောက်နှစ်
တိတိကျကျပြောရရင် ဟွားလုဟောင်ကောင်မှာအထက်တန်းကျောင်းသွားတက်ရတဲ့အချိန်

မားမားအတင်းလွှတ်လို့သာတက်ရတာ ဘေကျင်းမှာ သူ့ဇယားလေးတွေကျန်ခဲ့တယ်
မားမားကလည်း နာမည်ပျက်မှာဆိုးလို့ လွှတ်လိုက်တာလို့ပဲမှတ်ထားလိုက်တယ်
ဟောင်ကောင်ရောက်လည်း ထပ်ရှာလို့ရတယ်လေ
ဟွားလုရုပ်ရည်က တော်တော်ချောတဲ့အထဲမှာပါတယ်လေ အရပ်ကလည်း 5'8" နှာတံဆင်းဆင်း
ပိုးသားလိုနူးညံ့တဲ့ ဆံပင်ရှည်တွေကိုအမြဲတမ်းစည်းထားတယ် နူတ်ခမ်းပါးပါးနှစ်လွှာကတော့ ဆေးလိပ်သောက်နေကျဆိုတော့ နည်းနည်းညိုနေပေမယ့် သူ့ရုပ်ရည်က တော်တော်ချောတဲ့အထဲမှာပါတယ်

ဟောင်ကောင်လေဆိပ်ရောက်တော့ ကားငှားပြီး တက်ရမယ့်ကျောင်းကိုရောက်သွားတယ်
ကျောင်းက ပိုက်ဆံရှိတဲ့ အဆိုးအတေလေးတွေတက်တဲ့ကျောင်းဆိုတော့ ဖြုန်းနိုင်မှ နေရာပိုရတယ်
မားမားကဒီနေရာမှာ သူ့အတွက်ဘယ်လောက်ဖြုန်းပေးထားလဲမသိဘူး
ကျောင်းအုပ်က သူရောက်တာနဲ့ ပြာပြာသလဲလဲ ထွက်တွေ့တယ် ကျောင်းပတ်ဝန်းကျင်ကို လိုက်ပြပြီး စကားတွေပြောနေတော့တယ်
သူ့အတွက်က ခေါင်းထဲဘာမှမဝင် နားတွေငြီးလာပြီး လေယာဥ်စီးလာတော့ ခရီးပန်းပြီး နားချင်တာပဲသိတော့တယ်

.တစ်စိတ်လောက် ကျနော် နေရမယ့်နေရာလိုက်ပြလို့ရလား ကျနော် နားချင်နေပြီ.
ဟွားလုက စကားဖြတ်ပြောလိုက်တယ်

.ရတာပေါ့ ရတာပေါ့ ကျနော်လူနဲ့လိုက်ပို့ခိုင်းလိုက်ပါမယ်.
ကျောင်းအုပ်က လေသံချိုချိုလေးနဲ့ပြောလာတယ််

အဆောင်ဆိုတဲ့နေရာကိုလိုက်ပို့တယ် ပိုက်ဆံရှိတဲ့သူတွေပဲတက်တဲ့ကျောင်းဆိုတော့  အဆောင်ကလည်း သပ်သပ်ရပ်ရပ်နဲ့အဆင့်တန်းရှိရှိပဲ

သူ့ရဲ့ပစ္စည်းတွေကို အကူသမားက အခန်းထဲချသွားပြီး
.အကိုလေးရဲ့အခန်းဖော်က ချုံချင်းက ရှောင်ကုမ္မဏီ ရဲ့သခင်လေး ရှောင်းကျန့်ပါ
သူကမနေ့ကတည်းက ရောက်နေပေမယ့် အခုတော့ အပြင်ထွက်သွားတယ်ထင်တယ်
အကိုလေးတို့က စာသင်နှစ်ဆုံးအထိတူတူနေရမှာပါ ကျနော့်ကိုသွားခွင့်ပြုပါဦး.
သူပြောချင်တာပြောပြီး ထွက်သွားတဲ့ အကူသမားကိုကြည့်နေလိုက်တယ်

𝐖𝐡𝐨 𝐈𝐬 𝐓𝐡𝐞 𝐖𝐢𝐧𝐧𝐞𝐫?🔞Donde viven las historias. Descúbrelo ahora