Part(20)

1.6K 112 2
                                    

Unicode
ကျနော့်ကလေးကိုလိုက်ရှာလိုက်ရတာ မခက်ပေမယ့် လွယ်လည်းလွယ်မနေခဲ့ပါဘူး
ပါးပါးလူတွေစုံစမ်းရသလောက်တော့ ဝမ်အိမ်တော်ကသခင်လေးဆိုတာပဲသိလာတယ်
ဝမ်အိမ်တော်က သခင်လေးဆိုပေမယ့် မီဒီယာမှာ ဝမ်အိမ်တော်က သခင်လေးနှစ်ယောက်ရှိတာကိုမဖော်ပြထားဘူးလေ
ပထမသခင်လေးဆိုတာပဲရှာတွေ့လို့စိတ်အိုက်လာတာနဲ့ ခုံပေါ်ထိုင်ပြီးစဥ်းစားနေလိုက်တယ်  ဆိုင်ကယ်ဦးထုတ်ကိုသတိရသွားပြီး  အိမ်အောက်ဆင်းပြီး ကားထဲပြေးဝင်လာလိုက်တယ်

.အလန့်တကြားဝင်လာတဲ့သူကိုကြည့်ပြီး ဒရိုင်ဘာကတော့ ကြောင်တောင်တောင်လို့ထင်မှာပဲ လေဆိပ်ကနေကြိုလာတုန်းကလည်း ရောက်ယှက်ခတ် အခုလည်း အလန့်တကြားနဲ့.

.သခင်လေး ဘယ်များသွားချင်လို့လဲမသိ.

.ငါ့ညီဝမ်းကွဲ ရှောင်းရှန်ဖေး ဆီသွား.

ချုံချင်းမြို့စွန်နားက ရှောင်းမိသားစုပိုင်တဲ့စံအိမ်ကိုထွက်လာခဲ့တယ်
ကျောင်းပိတ်ရက်တွေဆို သူ့ညီက အဲ့မှာပဲ အလေလိုက်နေတတ်တာလေ

စံအိမ်ကိုရောက်တော့ ကားရပ်ခိုင်းလိုက်တယ်
ကားပေါ်ကအလောတကြီးဆင်းပြီးတာနဲ့ စံအိမ်ထဲကို ဝရုန်းသုန်းကားဝင်လာလိုက်တယ်
ဧည့်ခန်းဘက်မှာ ဘယ်သူမှမတွေ့မှာမလို့ အောက်ထပ်မှာရှိသမျှအခန်းတွေမှာလိုက်အော်ခေါ်နေလိုက်တယ်

.ရှန်ဖေး....ဟေ့ရောင် ရှန်.

.အိုင်ယား နားငြီးလိုက်တာ ကောရာ.

သူရှာနေတဲ့သူက လှေကားကနေ သူ့ကိုလှမ်းကြည့်ပြီးပြောလာတယ် ဆံပင်တွေကခါတိုင်းလို ရူတ်ပွနေပေမယ့် တစ်ချိူးကြည့်ကောင်းပါတယ် ဒါပေမယ့် ရှောင်းကျန့်ကတော့ပိုချောတာပေါ့သူကအကြီးလေ

လှေကားပေါ်ကိုမပြေးရုံတစ်မယ် တက်သွားလိုက်တယ်
.မင်းလာခဲ့ ငါနဲ့လိုက်ခဲ့.

ခေါ်သွားနေရင်း ရုတ်တရက်ရပ်လိုက်ပြီး
.ဆံပင်ကအမည်းပြန်ဆိုးထားတာလား.

.ဟုတ်တယ် ကောပါးပါးက ကောမရှိတုန်း ကျနော့်ကိုပွဲလိုက်တက်ခိုင်းတာ ဆေးဆိုးထားတဲ့ မျောက်ရုပ်နဲ့မလိုက်နဲ့ဆိုလို့ ပြန်ပြောင်းဆိုးလိုက်ရတာလေ.

𝐖𝐡𝐨 𝐈𝐬 𝐓𝐡𝐞 𝐖𝐢𝐧𝐧𝐞𝐫?🔞Where stories live. Discover now