ဟော့ဝပ်၌တွေ့ဆုံခြင်း

1.2K 150 22
                                    

*Draco*POV*

Dracoတစ်ယောက်အိမ်ပြန်ရောက်လာပြီး၌သူ့အခန်းထဲဝင်သွားတယ်။ပြီးတော့လိုအပ်တဲ့ပစ္စည်းတွေလျှောက်ပတ်ဝယ်ထားလို့ပင်ပန်းတဲ့ပုံရိပ်နဲ့ကုတင်ပေါ်လှဲချပလိုက်တယ်။လှဲပြီးအနားယူနေရင်း သူ့စိတ်ထဲကိုရုတ်တရက်အတွေးတစ်ခုဝင်လာတယ်။အဲ့တာကတော့ သူနဲ့ဒိုင်ဂွန်လမ်းကြားမှာကောင်လေးတစ်ယောက်နဲ့တိုက်မိခဲ့တာကိုပေါ့။dracoဟာအဲ့အကြောင်းကိုပြန်တွေးရင်း ဒေါသထွက်လာပြန်တယ်။ပြီးတော့ စိတ်ထဲမှာလဲအဲ့ကောင်လေးကိုထပ်တွေ့လို့ကတော့ရန်တွေ့ဖြစ်မယ်ဆိုပြီးတွေးနေခဲ့တယ်ဒါပေမယ့်သူအဲ့ကောင်လးကိုဘာအကြောင်းကြောင့်မှန်းမသိထပ်တွေ့ချင်သလိုခံစားနေရတယ်။ပြီးတော့သူအဲ့အကြောင်းတွေကိုခေါင်းထဲကထုတ်လိုက်ပြီး အိပ်ဖို့ကြိုးစားတယ်။

*Harryဘက်တွင်*

harryလည်းဦးလေးdavidနဲ့အတူအိမ်ပြန်လာခဲ့တယ်။harry ပြန်လာတဲ့လမ်းတစ်လျှောက်မှာလည်းdracoကိုတောက်လျှောက်ကျိန်ဆဲလာခဲ့တယ်။harryသူ့အခန်းထဲရောက်တဲ့အထိပေါ့။

*အဲ့ပြောင်းဖူးမွှေးတွေကိုနောက်တစ်ခေါက်တွေ့မှဆွဲနှုတ်ပစ်မယ်။ငါ့ကိုများအုန်းမုန့်ခွက်တဲ့ဒီလောက်ချောတဲ့လူကိုမျန်း* ဆိုပြီး harryပါးစပ်မှရွတ်နေသည်။

*Hogwartသို့သွားရောက်ရတော့မယ့်နေ့*

မနက်8နာရီတွင် Draco နဲ့ Harry တို့ကိုယ်စီနိုးထခဲ့ကြပြီ။နှစ်ယောက်လုံး Hogwartsကိုဒီနေ့သွားရမှာဖြစ်လို့မနက်စောစောစီးစီးအလုပ်တွေရှုပ်နေချက်။(*A/N*-နိုးတဲ့အချိန်တောင်တူနေတော့ ဒါဟာဖူးစာ🌚)

တအောင့်ကြာ ပြင်ဆင်ပြီးတော့ကိုယ်စီအိမ်ကနေထွက်လာခဲ့ကြတယ်။

ဘူတာကိုရောက်လာခဲ့ကြပြီ။dracoကharryထက်ရထားပေါ်ကိုအစောကြီးရောက်နှင့်နေပြီ။ဒါပေမယ့်တစ်ဖက်မှာရှိတဲ့harryကတော့သူ့ဦးလေးdavidကအလုပ်ကိစ္စရှိလို့ဆိုပြီး သူ့ကိုဘူတာအရှေ့ထိပဲလိုက်ပို့ပြီးထားသွားခဲ့တာကြောင့်လမ်းပျောက်နေရှာတယ်။ပြီးတော့ platform (9 3/4) ကိုရှာမတွေ့။harryကံကောင်းချင်တော့ hogwartကိုသွားမယ့် ဝေစလေမိသားစုနဲ့တွေ့ပြီး hogwart ရထားစီသို့ရောက်လာခဲ့တယ်။

°ရန်သူအဖြစ်မှချစ်သူအဖြစ်သို့°💚❤️Enemy To Valentines<3Where stories live. Discover now