Unicode
ကျန်းယွမ်ပိုင်ကြားလိုက်ရတဲ့ ရှီပုဖန်ရဲ့စကားတွေက လွန်စွာရှော့ခ်ဖြစ်စရာကောင်းတာကြောင့် ရှီပုဖန် သူ့မျက်နှာအား လာနမ်းတာကို တားဖို့တောင် သူအချိန်မရလိုက်။
ရှီပုဖန် ဘာပြောလိုက်တာလဲ?
သူက သူ့ကိုကြိုက်နေတယ်? သူက ရှီပုဖန်အတိတ်မေ့နေတာကို အခွင့်ကောင်းယူပြီးတော့ သူနဲ့နီးစပ်အောင်လုပ်တယ်? ဘယ်တုန်းက အဲ့လိုဖြစ်သွားတာလဲ?
ကျန်းယွမ်ပိုင်က အလိုအလျောက် သူ့ခေါင်းကိုယမ်းကာ ပြောလိုက်သည်
“ မဟုတ်…မဟုတ်ဘူး…ငါအဲ့လိုမ..”ရှီပုဖန်က အရာအားလုံးကို ထိုးထွင်းသိမြင်နေသကဲ့သို့ ဆက်ပြုံးနေ၏
“ မင်းငါ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ ငါ့ဆီလာလည်တဲ့ ပထမဆုံးသူက မင်းဖြစ်နေရတာလဲ?”ဘာလို့လဲဆိုတော့ငါ…မင်းသေသွားမှာကို ကြောက်လို့ပေါ့ဟ…ကျန်းယွမ်ပိုင် ရှုပ်ထွေးကာ ပဟေဠိဖြစ်နေမိပြီး သူ့လက်ချောင်းများထံမှ ထုံထိုင်းမှုကို ခံစားမိနေကာ မင်သေနေသောအမူအရာကို ကိုင်စွဲထားလျက်ဖြင့်ပင်။
ရှီပုဖန်က နူးညံ့တဲ့လေသံလေးနဲ့ပဲ ဆက်မေးလာသည်။
“ မင်းငါ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ ငါ့သူငယ်ချင်းကောင်းဆိုပြီး ဟန်ဆောင်ရတာလဲ ဒါပေမဲ့လည်း ငါတို့ဆက်ဆံရေးကို အရိပ်အမြွက်ပေးနေတာနဲ့ပဲ အဆုံးသတ်သွားခဲ့တယ်လေ”ဟင့်အင်း ငါ သူ့ကို တစ်ခါမှ အရိပ်အမြွက်မပေးခဲ့ဖူးဘူး။
“ မင်းက မင်းကိုယ်မင်းဖုံးကွယ်ထားနိုင်တယ်လို့ ထင်ပေမဲ့ မင်းသဲလွန်စတွေအများကြီး ချန်ထားခဲ့တယ်။ မင်းက ငါ့ရဲ့သူငယ်ချင်းကောင်းလို့ပြောခဲ့ပေမဲ့ မင်း ငါတို့တွေ 'ငါတို့ရဲ့ဆက်ဆံရေးကို အတည်ပြုပြီးပြီ´လို့လဲ ပြောခဲ့တယ် ပြီးတော့ အဲ့အကြောင်းကို ဘယ်သူကမှလဲ မသိဘူးတဲ့။ မင်းကို လူတိုင်းဆီကနေ လျှို့ဝှက်ချက်တစ်ခုအနေနဲ့ပဲ ထားဖို့လဲ မင်းပြောခဲ့သေးတယ်…အစကတည်းက မင်း ငါ့ကိုလိမ်နေခဲ့တာပဲ”
YOU ARE READING
အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed)
RomanceThis is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapters+2Extras (Completed) Currently Editing ~ Readable in both Zawgyi and Unicode.