//Chapter 24//

4.8K 886 13
                                    

Unicode

ရှီပုဖန်အနေဖြင့် သူ့မှတ်ဉာဏ်တွေဆုံးရှုံးသည်ဖြစ်စေ မဆုံးရှုံးသည်ဖြစ်စေ တစ်ခါမှ သူ့အဆင့်တွေနဲ့ပတ်သက်ပြီး မစိုးရိမ်ဖူးလေဘူး။ အဆုံးမှာတော့ သူကအများအားဖြင့် စာရွက်အလွတ်သာတင်လိုက်တာဖြစ်သည် ။ သို့ရာတွင် အခုစာမေးပွဲပြီးသွားတဲ့အချိန်မှာတော့ သူ့အဆင့်တွေအကြောင်းကို ပထမဆုံးအကြိမ်စတင်ပြီးပူပန်နေရပြီ။

ကျန်းယွမ်ပိုင်ကို ရှာပြီး သူ့ကိုအဖြေကူစစ်ပေးဖို့ စိတ်အားထက်သန်နေပေမဲ့လည်း သူ ယင်းကိုဖိနှိပ်ထားလိုက်၏။

ကျန်းယွမ်ပိုင်က ထိုအကြောင်းကို အရင်စပြောလာပြီး သူစိတ်ထဲမထားပါဘူးဆိုတဲ့ပုံစံနဲ့  လက်ကိုတောင် ဝေ့ယမ်းပြလာခဲ့သည်။
“ မင်းဘယ်လိုပဲဖြစ်ဖြစ် ဒုတိယနေရာကိုမရနိုင်မှတော့ ဘယ်အဆင့်ရရအရေးမကြီးပါဘူး”

ဒါပေမဲ့ သူလဲ နည်းနည်းသိချင်စိတ်ဖြစ်မိတယ်။

အရင်စာမေးပွဲတုန်းက အဆင့်တွေကို အတန်းရဲ့သင်ပုန်းနံရံမှာ ကပ်ထားသည်။ ရှီပုဖန်နဲ့ကျန်းယွမ်ပိုင်က သက်တံ့ကြီးတစ်ခုရဲ့မတူညီတဲ့အစွန်းနှစ်ဖက်မှာ ရှိနေသလိုပင်။ စာရွက်တစ်ရွက်ထဲတူတူရှိဖို့ကို အသာထားဦး အတန်း၁၁တန်းလုံးရဲ့အဆင့်တွေထဲမှာတောင် ရှီပုဖန်ရဲ့နာမည်က ပါမလာသေးဘူး။

သို့သော်ငြား သူတို့အတန်းထဲမှာပဲဆိုရင်တော့ သူ့အဆင့်က အဆင်ပြေနေပုံပင်။ ဒါ့ကြောင့်ရှီပုဖန်က စာရွက်ကို ဂရုမထားစွာဘဲကြည့်လိုက်ပြီး အနည်းဆုံးတော့ သူနဲ့ကျန်းယွမ်ပိုင်က စာရွက်တစ်ရွက်တည်းပေါ်မှာ ရှိနိုင်လောက်ပါတယ်လို့ ထင်ခဲ့တာဖြစ်သည်။

ကျိယန့်ဖျင်က ဒီတစ်ကြိမ်မှာတော့ တကယ်ကိုရက်စက်လေသည်။ တကယ်လို့ ဘာကိစ္စမှအထွေအထူးမဖြစ်ဘူးဆိုရင် ကျန်းယွမ်ပိုင်က ပထမနေရာကနေလုံးဝဆင်းမှာ မဟုတ်သလို ဆရာတွေအဆင့်စီတဲ့နေရာမှာ ဘာအမှားအယွင်းမှမရှိရင် ရှီပုဖန်ကလည်း ဒုတိယနေရာကိုရနိုင်စရာ အကြောင်းမရှိပေ။

ကျောင်းသားတစ်ယောက်က ဒုတိယရချင်ရင် ဆိုလိုတာက သူ့အနေနဲ့ တစ်တန်းလုံးအဆင့်မှာ လူရာဂဏန်းအနည်းငယ်ကို အနိုင်ရထားဖို့ လိုလေသည်။ ရှီပုဖန်လို စာလေ့လာလေ့မရှိထားတဲ့သူအတွက်ကတော့ ဒီဟာက ရိုးရိုးခက်ခဲတာတင်မဟုတ်ဘဲ ကောင်းကင်ကို တက်တာလောက်ထိ ခက်ခဲတာပင်။

🎉 Bạn đã đọc xong အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) 🎉
အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ