" အချစ်ရေး အချစ်ရာ "
အခန္း-(1)
" စိုးမိုးရာ...အဲ့လောက်လဲ ညစ်မနေစမ်းပါနဲ့...
ဟိုကမိန်းကလေးပဲ...ချက်ချင်း ဘယ်ပြန်အဖြေပေးပါ့မလဲ...နည်းနည်းပါးပါး မူအုံးမှာပေါ့..."အာကာထွန်းစကားကြောင့် စိုးမိုးအောင်မျက်နှာ
ကြီး ပိုရှုံ့သွား၏။" မပူလို့ရမလားကွ...အခြေအနေချင်းက မိုးနဲ့မြေလိုကွာခြားနေတဲ့ဟာ...ငါ့ရဲ့အားနည်းချက်
ကြောင့်သာ သူပြန်မချစ်တော့ဘူးဆို ငါသေရော
ပေါ့..."" သဲနုငယ်နဲ့မင်းနဲ့က ငယ်သူငယ်ချင်းတွေပဲဟာ
...ဟိုကမင်းအပေါ် သံယောဇဉ်ရှိလောက်ပါ
တယ်..."အာကာ့စကားကြောင့် စိုးမိုး ငိုင်တွေသွား၏။
ပြီးမှ သက်ပြင်းတစ်ချက်ချရင်း..." မင်းပြောတာလဲ ဟုတ်ပါတယ်...ဒါပေမယ့် သူ့အမေကြီးက ငွေအရမ်းမက်တာကွ...ဟို
ဘက်ရွာက သန့်ဇင်ဦးနဲ့ သဘောကျနေပုံရတယ်...အဲ့ရွာမှာ ဒီကောင်တွေက ဘောစိလေ...
လယ်တွေလဲမနည်းဘူး...ဘွားတော်ကြီးအကြိုက်ပေါ့...သန့်ဇင်ဦး သဲနုကိုကြိုက်နေတာလဲ ဟိုးကျောင်းသားဘဝတည်းက...
ဘွားတော်ကြီးစကားဆို သူတို့တစ်အိမ်လုံး မပယ်ရှားရဲဘူးမဟုတ်လား..."စိုးမိုးပြောတာလဲမှန်နေသဖြင့် အာကာပင် စိတ်ညစ်သွားရသည်။
ခေါင်းကိုစုံကုတ်ပစ်လိုက်ရင်း ရှေ့မှာ အအေးသောက်ရင်း ဂိမ်းဆော့နေသော သူရိန်နေမင်း
ထံသို့ အကြည့်တွေရောက်သွား၏။" သူရိန္..."
" ဘာလဲ..."
သူရိန်က မော့မကြည့်ဘဲထူး၏။
အာကာ ထိုင်နေရာမှကိုယ်ကိုရှေ့သို့အနည်းငယ်တိုးလိုက်ရင်း စားပွဲကိုလက်နှင့် တစ်ချက်ခေါက်လိုက်၏။
" စိုးမိုး ပြောနေတာမကြာဘူးလား..."" ကြားသားပဲ..."
" ကြားရင် နည်းနည်းပါးပါးစဉ်းစားပေးအုံးလေကွာ...ဆိုင်ခေါ်လာတာ ဂိမ်းဆော့ဖို့များမှတ်နေလား..."
" အေးလေ...အားနားပါးနာလေးလောက် စိတ်ဝင်စားပေးစမ်းပါ..."
စိုးမိုးကလဲ အကူအညီရလိုရငြား ဝင်ပြောသည်။
YOU ARE READING
''အချစ်ရေး..အချစ်ရာ''
Romance''လည်တယ်နော်..အချစ်ရေး အချစ်ရာမှာတော့ မင်းက ဆရာမကြီးပဲ..'' #သူရိန်နေမင်း ''အကိုလေး ဆိုးတယ်..ဒါပေမယ့် ပိုပိုကချစ်တယ်..ဘယ်တော့မှ မငြိုငြင်ပါဘူးလို့လဲ ဂတိပေးပါတယ်..ဆိုးတာက အကိုလေးတာဝန်ဆို ချစ်ဖို့က ပိုပို့တာဝန်ထားပါ..'' #သက်ဆက်ချစ်ပို It's not bl. norm...