part-20(unicode)

7.6K 221 6
                                    

" အချစ်ရေး အချစ်ရာ "

     အခန္​း-(20)

" မေမေ..."

" ဟင်...သမီး..."

ပိုပို့ခေါ်သံကြောင့် ဒေါ်သက်သက်မူက စာအုပ်
ဖတ်နေရာမှ မော့ကြည့်လာ၏။
လက်တစ်ဖက်ထဲမှာ ဖုန်းလေးကိုဖိဆုပ်ထားရင်း
ပိုပိုက ဒေါ်သက်သက်မူထိုင်နေရာ ကုလားထိုင်
နားကို လျှောက်လာသည်။

" ပြောလေ သမီး..."

မိမိနာမည်ကိုခေါ်ပြီး အနားရောက်လာတာပေ
မယ့် ဘာမှမပြောတော့ ဒေါ်သက်သက်မူက လှည့်ကြည့်ကာမေးလာ၏။
ပိုပို မျက်နှာလေးကို ဖြေလျှော့လိုက်ရင်း...

" ဘာမှမဟုတ်ဘူး မေမေ...ဒီအတိုင်း ခေါ်လိုက်
တာ..."

" သြော်..."

ပြောပြောဆိုဆို ဘေးက ကုလားထိုင်မှာဝင်ထိုင်
လိုက်တော့ ဒေါ်သက်သက်မူက ခေါင်းတညိတ်
ညိတ်နှင့် စာအုပ်ကိုပြန်ကြည့်နေ၏။

" အသက်တွေရလာတော့ စာလုံးတွေတောင်
မသဲကွဲချင်တော့ဘူး..."

မေမေက တစ်ယောက်တည်း ရေရွတ်နေ၏။
ပိုပို မေမေ့မျက်နှာကို ဘေးတိုက်ငေးကြည့်ရင်း
ဖွင့်ပြောရန် ချီတုံချတုံ ဖြစ်နေသည်။

" ခေါင်းက ဒဏ်ရာက ပြင်းတယ် ပိုပို...ဆေးခန်း
သွားပြဖို့ သူ့အမေရော ငါတို့ရော ဖျောင်းဖျတာ
ပဲ...သိတဲ့အတိုင်း...ဒီကောင်က ခေါင်းမာနေ
တာ...သူ့အဖေနဲ့လည်း အခြေအနေမကောင်း
ဘူးတဲ့...ဦးလေးက သူရိန်လွန်တယ်ပဲထင်နေ
တာ...အမြင်မကြည်ဘူးကြားတယ်...ဘာတွေပဲ
ဖြစ်ဖြစ် နင်သွားမေးသင့်တယ်...အရင်ကဘာ
တွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပေါ့ဟာ...ခုပြသနာကလည်း
နင့်ကြောင့်ဖြစ်ခဲ့တာမဟုတ်လား...နင့်နာမည်
ပါလာမှာစိုးလို့ သူရိန်က ပြသနာကို အကုန်အုပ်
ပစ်လိုက်တာ...ဒါကြောင့် မျက်နှာတော့ သွားပြ
လိုက်ပါအုံးဟာ..."

ကိုကြီးအာကာက ပိုပို့ထံဖုန်းဆက်ပြီး အကို
လေး အခြေအနေကို ပြောပြ၏။
တကယ်တမ်း ပြသနာတွေဖြစ်ပြီးတည်းက
အကိုလေး အဆင်ပြေပါ့မလားလို့ ပိုပို သိချင်နေ
ခဲ့တာပါ..။
ပိုပို့ရှေ့တင်ပဲ ခေါင်းကသွေးတွေ စီးကျလာခဲ့
တာ မဟုတ်လား...။
ဒါပေမယ့် သတင်းသွားမေးဖို့ကျတော့ ပိုပို တွန့်
ဆုတ်နေမိ၏။
ပိုပိုနှင့်အကိုလေးက ပြတ်စဲသွားသည့် ချစ်သူ
တွေလေ..။
အရင်က ဘယ်လိုမျိုး ခေါ်ပြောရင်းနှီးခဲ့ပါစေ..။
ချစ်သူဖြစ်ပြီးလို့ ပြတ်သွားကြရင် တစိမ်းတွေလို
ဖြစ်သွားတတ်ကြတာ လူတိုင်းမဟုတ်လား..။
ပိုပို သက်ပြင်းလေး ကြိတ်ချမိ၏။

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now