ထိထိ ပန်းခြင်းယူပြီး ရန်သူတော်နှစ်ယောက်တက်နေတဲ့ဆေးရုံသို့ မာန်ကြွကြွချီတက်လိုက်သည်။
"အဲ့ပန်းခြင်းမှာ Mini Cameraပါတယ်။ ထိထိ
သူတို့ကပန်းခြင်းကိုလွှင့်မပစ်အောင်အကြောင်းပြချက်သေချာပေးခဲ့။ သူတို့ဘာပြောမလဲ ကိုယ်သိချင်လို့.. ဒီကောင်တွေအကြံမအောင်ရဘူးကွာ"အချစ်ကြီးရဲ့ဥာဏ်နီဥာဏ်နက်လေးတွေကို ကူရင်း ထိထိလေးလည်း လူလည်ပတ်ကားဖြစ်လာပါရော။စီးပွားရေးသမားတွေများ ကပ်စေးနည်းပြီးအကွက်လည်းမြင်ပါ့။ လူနာမေးခိုင်းတာတောင် ပန်းခြောက်တစ်ခြင်းပဲ။အသီးအနှံမပါဘူး။အေးလေ ထိထိအသည်းကြီးက အဲ့ဟာတွေကိုစေတနာမှမရှိတာကိုး။
"ဟိတ် ရပ်စမ်း
မင်းဘာကောင်လဲ။ဘယ်ကလဲ။ဒါ V.I.P Room ဝင်ချင်တိုင်းဝင်လို့မရဘူး။"ထိထိလေးမော့ကြည့်တော့ အာနိုးရုပ်နဲ့ ဗလကြီးတွေ အခန်းဝမှာပိတ်ပြီးကိုဆီးဟောက်နေလေသည်။
"ဒီမှာ ဒီမှာ ကျွန်တော့်ကိုဘယ်သူလို့ထင်လဲ။"
ဗလကြီးတွေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသော်လည်း အထဲက Bossကိုပိုကြောက်ရ၍ လုံးဝမဖွင့်ပေးရန် မျက်စပစ်ပြလိုက်သည်။
"မေးနေတယ်လေ ဘယ်သူထင်လဲလို့"
"ဟေ့ နားညည်းတယ်။အခန်းရှေ့ကဘယ်သူလဲ။ မိုက်ကယ်...ဘယ်သူရောက်နေတာလဲ။"
ရှင်းရဝေ စတော့ရှယ်ယာဈေးကြည့်နေရင်း ဆူညံလာတာမို့အော်ပစ်လိုက်တော့မှအထဲသို့ အမြင်ကတ်စရာသကောင့်သားကဝင်လာသည်။
"Nice to meet youပါ ကိုညိုကြီး
ခင်ဗျားဘဲလေးရော သက်သာရဲ့လား။ ထိထိလေးရဲ့ မူပိုင်Bossက မကောင်းတတ်လို့ အဲလေ နေမကောင်းဘူးဆိုလို့ လူနာသတင်းလာမေးတာ ဟင်းဟင်း..""တဟင်းဟင်းနဲ့အဖျားတက်နေတာလား။ အဲ့ပန်းခြင်းပြန်ယူသွား ဟိုကောင်တွေ မောင်းထုတ်လိုက်စမ်း"
ဒီရွန်လည်းဆူနေတော့ ဘေးကုတင်မှာလှဲနေရင်းကနိုးလာသည်။မြင်မြင်ချင်းတွေ့လိုက်ရတာက ကျက်သတုန်း..
BINABASA MO ANG
ငါ့ယောကျာ်းက girl allergicရှိတယ်(Completed)
HumorAbout a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)