One-

8.3K 464 18
                                    

Zawgyi 💣

ပေကျင်းမြို့ရဲ့Night Club တစ်ခု....။
မျက်စိရှေ့မှာကိုယ်ကို ဟိုလှုပ်သည်လှုပ်ကနေကြတဲ့
ကာလာစုံကောင်လေး၊ ကောင်မလေးတွေကို
မျက်စိကစားပြီးကြည့်နေသောသူ။ သူ့ဘေးနားက
သူငယ်ချင်းနှစ်ယောက်ကလည်း ထို့နည်းအတူ
နောက်ဆုံးခပ်မြူးမြူးDJသီချင်းသံတွေကို
မလွန်ဆန်နိုင်စွာ ပျော်ရွှင်စွာကနေကြတဲ့ လူတွေကြား
ဝင်သွားတယ်။

ခြေချိတ်ကာမျက်စိကစားရင်းနှုတ်ခမ်းကို
အပေါ်သို့ပင့်နေအောင်လုပ်ကာအပြုံးတစ်ခုက
သူ့မျက်နှာထက်မှာ ခပ်ရေးရေးနဲ့။ လက်ထဲက
ကော့တေးတစ်ခွက်ကို မော့သောက်ပြီး ထက်မံ
ကြည့်နေလိုက်၏။

ခြောက်ပေနီးကပါးရှည်တဲ့ခန္ဓာအရပ်အမောင်းနဲ့
ကော့တေးကိုမော့သောက်တိုင်း ကျန်ရစ်ခဲ့သော
နှုတ်ခမ်းသားခပ်စိုစိုနဲ့။ မျက်ဝန်းလှလေးတွေကို
ဝန်းရံဖုံးကွယ်ထားသော လေးထောင်ပုလင်းဖင်
မျက်မှန်လေး...။ ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေက
ဂုတ်ပေါ်မှာဝဲကျလို့ ချောမောမှုအပေါင်းခညောင်းအောင်
ပန့်ပိုးနေရော့သလား။

"သခင်လေး... "

သူ့အနားကို ကပ်လာသော ကောင်မလေးတစ်ယောက်၏အသံ...။
အနီရောင်ဝတ်စုံကပိတ်စမလောက်ဘူးထင်ရဲ့...
သူမျက်နှာလွှဲပြီးမမြင်ချင်ယောင်ဆောင်တော့
သူမက ခပ်ပြုံးပြုံး ဘေးမှာဝင်ထိုင်တယ်။

ဟိုကောင်တွေတော့ လုပ်ချလိုက်ပြီ ထင်တယ်။

"ဒီနေ့ CEOဖြစ်တဲ့နေ့လေးမို့ ရို့စ်က ရှင့်ကို
ဂုဏ်ပြုပါတယ်နော်"

ဝိုင်းအပြင်းစားကိုဖန်ခွက်နဲ့အပြည့်ထည့်ပြီး
မော့သောက်လိုက်တဲ့ သူမ ကိုဂရုစိုက်မအား။
အနားမှာတစ်ယောက်ယောက်ရဲ့အာရုံစိုက်မှုကို
ရနေတယ်လို့ တွေးမိရုံနဲ့ အရှေ့ကမြင်ကွင်းတွေကို
စိတ်လိုလက်ရ ကြည့်လို့မရတော့ဘူး။

"Mr:Wang Yiboရှင့်!

အနားကိုကပ်ပြီးညုတုတုလေးခေါ်လာတော့
ကြက်သီးပင်ထချင်လာသလိုမို့ ဒိုင်းခနဲ
မျက်စောင်းတစ်ချက်က သူမဆီ။

"ဖယ်စမ်း!!!

ဟိတ်ဟန်အပြည့်နဲ့ပိတ်ဟောက်လိုက်တော့
ပုခုံးပေါ်မေးတင်ရာကနေ ရှက်ကိုးရှက်ကန်းနဲ့
ဖယ်သွားတဲ့သူမ..။

🍉PA PA 🍒(Completed) Where stories live. Discover now