Seven

3.3K 304 7
                                    

Zawgyi 🌴

"နောက်တစ်ကြိမ်လောက် ထပ်လုပ်ကြည့်ရအောင်"

ထိုစကားကြားတော့Yiboမှာပြုံးစိစိနဲ့။ ထပ်မံပြီး
နှုတ်ခမ်းတွေက ထိုကောင်လေး၏နှုတ်ခမ်းသား
နုနုအိအိလေးပေါ်မှာကျရောက်သွားပြန်တယ်။
ကြာရှည်တဲ့အနမ်းတစ်ခုအပြီးမှာတစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးပြုံးမိကြသည်။

"ဘာမှမစားရသေးဘူး မဟုတ်လား!!

"အွန်း.. မစားရသေးဘူး "

"ဒါဆိုရင် သွားရအောင် ပါးပါးလည်းမစားရသေးဘူး"

"ပါးပါး ခွံ့ကျွေးရမှာနော်.. "

မိမိကိုစေ့စေ့ကြည့်လို့လက်ညိုးလေးကတန်းမတ်စွာ
ထိုးကာနှုတ်ခမ်းလေးစူထော်ရင်းဆိုလာသောသူ။
ခေါင်းကိုခပ်သွက်သွက်ကလေးငြိမ့်ပြလိုက်တော့
ဆေးအကူမပါသည့်နှုတ်ခမ်းခပ်ရဲရဲလေးပေါ်မှာ
ပီပီပြင်ပြင် အပြုံးတစ်ခုဖြစ်ထွန်းလာသည်။

ရှောင်းကျန့်ကို ပွေ့ချီတော့ ရှောင်းကျန့်ရဲ့လက်တွေကလည်း
သူ့လည်တိုင်လေးပေါ်မှာနေရယူပြန်၏။

ထမင်းစား၊ စားပွဲပေါ်မှာရှိနေတဲ့အစားအသောက်
မျိုးစုံကသူတို့လာတော့အေးစက်လျှက်ရှိနေသည်။
အိမ်အကူတွေက ပြန်နွှေးပေးမယ်ပြောပေမယ့်
နှစ်ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ
ငြင်းဖြစ်ကြလေ၏။

စားပွဲပေါ်မှာရှိနေသည့်အစားအသောက်တွေကို
ကြည့်ပြီးလျှာရေကျလာတာနဲ့ဘေးမှာထိုင်နေတဲ့
ပါးပါးကိုသာပူဆာပြီးခွံ့ကျွေးခိုင်းရသည်။

"ပါးပါးက မစားဘူးလား ဗိုက်ဆာနေတယ်ဆို!!

ရှောင်းကျန့်ပြောမှသတိရလာလေတော့၊ ဗိုက်က
ခုနလောက်သိပ်မဆာတော့။ ကောင်လေးစားနေတာ
ကြည့်ပြီးဗိုက်က အလိုလိုပြည့်နေပြီမို့ ခေါင်းကို
ဘယ်ညာရမ်းပြလိုက်၏။

ရှောင်းကျန့်ဗိုက်ပြည့်သွားသည်အထိသူကတော့
ဘာမှမစားသေးပေ။ ထို့ကြောင့် ရှောင်းကျန့်ကသူ့ကို
ဆူချင်နေသည့်နှယ်မျက်စောင်းလေးကခပ်ထိုးထိုး..

ရှောင်းကျန့် ဗိုက်ပြည့်သွားပြီဆိုတော့လည်း သူက
ကောက်ပွေ့၍သူ့အိပ်ခန်းဘက်ကိုခေါ်လာတယ်။
ဗိုက်ပြည့်သွားတဲ့ရှောင်းကျန့်ကတော့သူ့ရင်ခွင်ထဲမှာ
ခနမှိန်းနေလိုက်တယ်။ ဗိုက်ဖြည့်ပြီးပြီဆိုတော့
အိပ်ပြီး အနားယူရန်လိုအပ်တာမို့

🍉PA PA 🍒(Completed) Tempat cerita menjadi hidup. Temukan sekarang