Two-

4.2K 419 15
                                    

Zawgyi 🍑

ပါးပြင်ကစူးခနဲနာကျင်မှုကြောင့်မှိတ်ထားတဲ့
မျက်လုံးတွေအားယူပြီးဖွင့်ကြည့်တယ်။
သူ့ကိုတဟီးဟီးရယ်ပြီးကြည့်နေတဲ့ကောင်လေးကြောင့်
ဆတ်ခနဲထထိုင်လိုက်မိတယ်။

အပြင်ကိုအကဲခတ်တော့နေတောင်တော်တော်လေးထွက်နေပြီ။
သူသတိထားမိသလောက်ဘယ်တုန်းကမှဒီလောက်
နောက်ကျမှအိပ်ယာမထဖူးဘူး။

မျက်တောင်လေးပုတ်ခတ်၊ ပုတ်ခတ်နဲ့သူ့ကို
ကြည့်နေတဲ့ကောင်လေးဆီအကြည့်တွေပြန်ရောက်တော့..

ကောင်လေးခန္ဓာကိုယ်ပေါ်မှာ မိမိရဲ့အင်္ကျီ...။

ဒီအင်္ကျီကသူ့အတွက်ဆိုဒ်သေးလို့ပစ်ထားတာကြာပြီ။
ဘယ်ချောင်ကနေဆွဲထုတ်ပြီးဝတ်သလည်းမသိ...
ကိုယ်နဲ့ဆိုဒ်သေးတဲ့အင်္ကျီကကောင်လေးနဲ့ဆို
တစ်ကယ့်ကိုဖားဖားယားယားကြီး..။

အဲ့လိုဖြစ်ပေမယ့်ကြည့်မကောင်းတာမျိုးလည်း
မဟုတ်ဘူး၊ ပေါင်ထိရှည်လျားတဲ့ အင်္ကျီလေးနဲ့
ကောင်လေးကအောက်မှာအတွင်းခံတောင်ပါရဲ့လားမသိဘူး။

Yiboကောင်လေးကိုကြည့်ရင်းရယ်ချင်စိတ်ကို
ချုပ်တီးကာ...

"မင်းအဝတ်စားကရော!

"အာ... အဲ့ဒါက အဝတ်လျှော်စက်ထဲမှာလေ ဟီးဟီး
သားတောင်အစောကြီးနိုးတယ် ပါးပါးကမနိုးဘူး"

"မင်းအောက်က အတွင်းခံတော့ ပါတယ်မလား"

"ပါတယ်လေ ဒီမှာ"

ပြောရင်းအင်္ကျီကိုမပြီးလှန်ပြလာတာကြောင့်တစ်ကယ်တမ်း
မျက်နှာကြီးရဲသွားတာက သူ...

"ဒါဖြင့် မလျှော်ဘူးပေါ့"

"အွန်းလေ.. ဒါလျှော်လိုက်ရင် သားကဘာနဲ့
ဝတ်ရတော့မလည်း ပါးပါးဟာတွေနဲ့လည်း
မတော်ဘူးထင်လို့လေ... "

"အာ... ဟုတ်ပါပြီ၊ ဟုတ်ပါပြီ ဒါဖြင့်ခနစောင့်နော်
ကိုယ်မျက်နှာသစ်ဦးမယ်"

"ဟုတ် ပါးပါး"

နှစ်လိုဖွယ်အပြုံးတစ်ခု၊ မျက်ဝန်းလေးတွေက
လခြမ်းပမာဖြစ်သွား၍ ပေါ်လာတဲ့ သွားတန်းလေးတွေက
စီစီရီရီ...

🍉PA PA 🍒(Completed) Donde viven las historias. Descúbrelo ahora