Zawgyi 💣
ပေကျင်းမြို့ရဲ့Night Club တစ်ခု....။
မျက်စိရှေ့မှာကိုယ်ကို ဟိုလှုပ်သည်လှုပ်ကနေကြတဲ့
ကာလာစုံကောင်လေး၊ ကောင်မလေးတွေကို
မျက်စိကစားပြီးကြည့်နေသောသူ။ သူ့ဘေးနားက
သူငယ်ချင်းနှစ်ယောက်ကလည်း ထို့နည်းအတူ
နောက်ဆုံးခပ်မြူးမြူးDJသီချင်းသံတွေကို
မလွန်ဆန်နိုင်စွာ ပျော်ရွှင်စွာကနေကြတဲ့ လူတွေကြား
ဝင်သွားတယ်။ခြေချိတ်ကာမျက်စိကစားရင်းနှုတ်ခမ်းကို
အပေါ်သို့ပင့်နေအောင်လုပ်ကာအပြုံးတစ်ခုက
သူ့မျက်နှာထက်မှာ ခပ်ရေးရေးနဲ့။ လက်ထဲက
ကော့တေးတစ်ခွက်ကို မော့သောက်ပြီး ထက်မံ
ကြည့်နေလိုက်၏။ခြောက်ပေနီးကပါးရှည်တဲ့ခန္ဓာအရပ်အမောင်းနဲ့
ကော့တေးကိုမော့သောက်တိုင်း ကျန်ရစ်ခဲ့သော
နှုတ်ခမ်းသားခပ်စိုစိုနဲ့။ မျက်ဝန်းလှလေးတွေကို
ဝန်းရံဖုံးကွယ်ထားသော လေးထောင်ပုလင်းဖင်
မျက်မှန်လေး...။ ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေက
ဂုတ်ပေါ်မှာဝဲကျလို့ ချောမောမှုအပေါင်းခညောင်းအောင်
ပန့်ပိုးနေရော့သလား။"သခင်လေး... "
သူ့အနားကို ကပ်လာသော ကောင်မလေးတစ်ယောက်၏အသံ...။
အနီရောင်ဝတ်စုံကပိတ်စမလောက်ဘူးထင်ရဲ့...
သူမျက်နှာလွှဲပြီးမမြင်ချင်ယောင်ဆောင်တော့
သူမက ခပ်ပြုံးပြုံး ဘေးမှာဝင်ထိုင်တယ်။ဟိုကောင်တွေတော့ လုပ်ချလိုက်ပြီ ထင်တယ်။
"ဒီနေ့ CEOဖြစ်တဲ့နေ့လေးမို့ ရို့စ်က ရှင့်ကို
ဂုဏ်ပြုပါတယ်နော်"ဝိုင်းအပြင်းစားကိုဖန်ခွက်နဲ့အပြည့်ထည့်ပြီး
မော့သောက်လိုက်တဲ့ သူမ ကိုဂရုစိုက်မအား။
အနားမှာတစ်ယောက်ယောက်ရဲ့အာရုံစိုက်မှုကို
ရနေတယ်လို့ တွေးမိရုံနဲ့ အရှေ့ကမြင်ကွင်းတွေကို
စိတ်လိုလက်ရ ကြည့်လို့မရတော့ဘူး။"Mr:Wang Yiboရှင့်!
အနားကိုကပ်ပြီးညုတုတုလေးခေါ်လာတော့
ကြက်သီးပင်ထချင်လာသလိုမို့ ဒိုင်းခနဲ
မျက်စောင်းတစ်ချက်က သူမဆီ။"ဖယ်စမ်း!!!
ဟိတ်ဟန်အပြည့်နဲ့ပိတ်ဟောက်လိုက်တော့
ပုခုံးပေါ်မေးတင်ရာကနေ ရှက်ကိုးရှက်ကန်းနဲ့
ဖယ်သွားတဲ့သူမ..။
