Ep 12

571 21 0
                                        

#Zawgyi

Back ,

" ဒါဆို နှောင်းလုပ်ချင်တာက "

" အမြစ်ဖြတ်ပြစ်ပစ်ချင်တာ  အဖွားအတွက် တန်ရာတန်ကြေးကိုပြန်ယူမယ် အ့တာက ဦးငြိမ်းမောင်ရဲ့မိန်းမ ဒေါ်သန္တာမြင့်ကို သွေးတက်စေလိမ့်မယ် အ့လောက်ပဲ "

" အွန်း အရမ်းထိခိုက်အောင် မလုပ်ဖို့တော့ ပြေားချင်တယ်ကွာ  "

" ငါသိပါတယ် ဒါပေမဲ့ အခြေနေအရပဲ အဖွားအခြေနေ ဒီထက်ပိုဆိုးလာရင်တော့ အာမမခံနိုင်ဘူး အော် ငါမင်းကို ခိုင်းစရာတစ်ခုရှိသေးတယ် မင်းအဆင်ပြေမလား မသိဘူး "

" အွန်း ပြေားလေ ဘာကိစ္စလဲ ငါမလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး "

" သိတယ် ငထူး မင်းလေကျယ်တော့မယ် ဆိုတာသိနေတာ "

" ဟားဟား "

ကျောင်းကန်တင်း ,

* မနက်ထဲက သဲ ကစကားမပြေားတာ ငါဘယ်လိုမေးရမလဲ မသိတော့ဘူး ပြီးတော့လဲ မနေ့ညကကိစ္စကို မသိချင်ယောင်ဆောင်နေသလိုပဲ *

ဟန်နီနဲ့ ထွန်း ကန်တင်းမှာ နေ့လယ်စာစားနေကြတာ ပါ။

ထိုအချိန် ဆိုင်ထဲသို့ စက်တို့အဖွဲ့ ၀င်လာသည် ၊ ပရဟိတ လုပ်တုန်းကလူတွေနဲ့ ခုချိန်ထိအဖွဲ့ဖြစ်နေသေးတာ

" ဗိုက်ဆာနေတာ မနက်ထဲက "

" စားမယ်ဟေ့ "

" ဟိုဟာ ဟန်နီမလား "

မိုးစကားကြောင့် နောက်လှည့်ကြည့်မိသည်

" အွန်း ဟန်နီဘေးက သူ့ကောင်မလေးလား "

" ဟုလား ဇွဲပြည့် "

အစား ငမ်းနေတဲ့ ဇွဲပြည့်ကို မေးရင်းက

" ဟမ် အာ ... ဟုတယ်လေ သူတို့ တွဲနေတာ မနှစ်ကထဲက "

ပြေားပြီး ဆက်စားနေတော့သည် ။
မိုး ကပဲစကားဆက်၍

" အော် ဘယ်သူ အ့ဒါ ထွန်းဘာ ဘာဆိုလဲ "

" အ့ဒါ ထွန်းမေလဇော်လေ မြန်မာမေဂျာက "

ကြားက ၀င်ပြေားလိုက်သော ဟိန်းသူဇွန် ( မေဂျာking )

" မင်းက ဘယ်လိုသိတာလဲ "

Obsessional 🍑Where stories live. Discover now