#Zawgyi
At office ,
" အ့တာဘာလုပ်နေတာလဲ "
" အယ် အကိုထူး "
" အတွင်းရေးမှူးလာနေပြီ ..... သွားပြီ အသစ်လေး "( လစ်မှ )
အသစ်လေးနားမှ မိန်းကလေးတစ်ယောက် အပြေးထွက်သွားသည်
" ဘာလုပ်နေတာလဲ Marketing ဌာန ကိုလွှတ်တာ ဘာ လို့ ဒီရောက်နေတာလဲ အလုပ်ချိန်ဆိုတာကို မသိဘူးလား "
ထူးပြေားသမျှကို ခေါင်းငုံကာ နားထောင်နေရတဲ့ အသစ်လေးခမျာမှာတော့
" ဟု အခုသွားလိုက်မယ် သွားပြီ "
" မြန်မြန်သွား မြန်မြန်ပြန် အလုပ်ချိန်ကြီးမှာ ဘယ်သူကစကားရပ်ပြေားရမယ်လို့ သင်ထားလို့လဲ မြန်မြန်သွား "
ထူးနားက. မြန်မြန်ပြေးထွက်သွားလေသည် ။
* အကိုထူးက ငါ့ဆိုတွေ့တာနဲ့ အော်ဖို့ပဲ တခြားလူကြီးတွေဆို ဒီလိုတွေ့ရင် မျက်စိမှိတ်ပြီးကျော်သွားပေးကြတာပဲကို ဟူးးး*
( တကယ်တော့ ကောင်မလေးတစ်ယောက်နဲ့ စကားပြေားနေလို့ အော်တာပါ 😝 )
" ဟူး ... ခုနက ကောင်မလေးက ဘယ်သူလဲ အသစ်လေးနဲ့ ဘယ်လိုပတ်သတ်နေတာလဲ "
နောက်နေ့မှ သိလိုက်ရတာက ခုနကောင်မလေးက အသစ်လေးရဲ့ ၀မ်းကွဲညမပါ တဲ့
Next Day at office ,
ထူးတစ်ယောက်နေရာတွင်ထိုင်၍ အလုပ်လုပ်နေရင်းက အသစ်လေးကို လှမ်းလှမ်းကြည့်နေ၏။ ဟိုတစ်ယောက်ကတော့ သိမယ်မထင် .... အသစ်လေးမတပ်ရပ်၍တစ်နေရာသွားမည် လုပ်တော့
" ဘယ်သွားမို့လဲ အသစ်လေး "
" ကော်ဖီသွားသောက်မလို့ အကိုထူး သောက်ချင်လို့လား "
" အေး ခါးခါးလေး ဖျော်ခဲ့ "
" ဟုတ် "
* သူဖျော်ပေးတဲ့ ကော်ဖီကအကောင်းဆုံးပဲ '___' *
" ဟိတ် အသစ် "
" ဟာ အမထွေးထွေးပါလား ဒီနေ့လှလို့ "
" အယ် မောင်လေး အမက နေ့တိုင်းလှနေတာကိုကျ မမြင်တော့ဘူးလား "
YOU ARE READING
Obsessional 🍑