#Zawgyi
At office ,
" နှောင်း အကိုလူမင်းခန့်ရောက်နေပြီ "
အစည်းအဝေးခန်းထဲ တွင်ထိုင်နေသော နှောင်းဘေးကိုကပ်၍ တိုးတိုးလေးပြေားသည်။
" အွန်း "
ခနကြာတော့ အစည်းအဝေးပြီးသွား၍
" ထူး အကို ဘယ်မှာလဲ "
" နှောင်းအခန်းထဲမှာ ရှိတယ် "
" အင်း အခုသွားလိုက်မယ် သောက်စရာတခုခုယူခဲ့ "
" အွန်း ယူခဲ့လိုက်မယ် "
-------------------------
" အကို ရောက်တာကြာပြီလား အစည်းအဝေးလေး လက်စသတ်နေတာနဲ့ကြာသွားတာ "
" ရပါတယ် အကိုအချိန်ရတာနဲ့ လာတွေ့လိုက်တာ ကိစ္စလဲအရေးကြီးတာကြောင့်လဲ ပါတာပေါ့ "
နှောင်းက ဧည့်တွေ့ ခုံမှာဝင်ထိုင်လိုက်၍
" ဟု အကို အခြေနေကျနော်တို့ဘက် ပါရဲ့လား "
" အွန်း တနေ့က အကိုရှယ်ယာကိုထည့်ဖို့ လက်ခံလိုက်တယ် အကိုလဲ နှောင်းပြေားတဲ့ ပမာဏလောက် ထည့်လိုက်တယ် ကုမ္မဏီရဲ့ ရှယ်ယာအများဆုံးစာရင်းဝင်တယ် "
" ဟု အကို ဒါဆို နှောင်းလုပ်ချင်တာ လုပ်လို့ရပြီ ဒါပေမဲ့ ရှယ်ယာရှင်ကနှောင်းဆိုတာတော့ မသိဘူးမလား "
" အွန်း အကိုလို့ပဲ သိထားတယ် ပြီးတော့ လာမယ့် ၂၄ ရက်နေ့မှာ ကွမ္မဏီရဲ့ CEO အသစ်ကို ပြန်ရွေးမှာ ရှယ်ယာအများဆုံးလူပဲ ရလိမ့်မယ်လို့တော့ အကိုထင်တယ် "
" နှောင်းအ့ပွဲကို တက်ချင်တယ် အကိုစီစဉ်ပေးမလား "
" အွန်း ရတာပေါ့ အော် အ့ပွဲမှာ နှောင်းဖြစ်စေချင်တာလဲ ဖြစ်သွားနိုင်တယ် နော် အ့တာတော့ သိတယ်မလား "
" သိတာပေါ့ နှောင်းက အ့ဒီအချိန်ကိုပဲ စောင့်နေခဲ့တာ "
* ဦးငြိမ်းမောင် ခင်များစောင့်နေ အလှည့်ဆိုတာရောက်လာတော့မှာ *
" အော် အကို ကျေးဇူးတင်ပါဗျာ ဘယ်လိုပြန်ဆပ်ရပါ့မလဲ "
" မလိုပါဘူး နှောင်းရာ အကိုလဲ အလုပ်အားတုန်းအချိန်လေး ကူညီရတာ နောက်လတောင် အကိုသဘော်ပြန်တက်ရတော့မှာ အ့တော့မှ တစ်ခါလာနှုတ်ဆက်မယ်ကွာ "
YOU ARE READING
Obsessional 🍑