🌼Daisy 3🌼

2.8K 323 43
                                    

UNICODE

နေဝင်ချိန်တွေဆို ပိုလွမ်းသလိုပဲတဲ့ ..

ဟုတ်လားတော့မသိဘူး.. ပြတင်းပေါက်က မြင်နေရတဲ့ နေလုံးကြီးက ကျနော့်အတွက်တော့ လိမ္မော်ရောင်ကြီးဆိုတာထက် ပိုခံစားပေးလို့မရဘူး ..

ရေချိုးပြီး Message သံကြားလို့ ကြည့်လိုက်တော့ .. Party တစ်ခုရဲ့ ဖိတ်စာ ..

သွားပေးရမှာပေါ့ .. အနည်းဆုံးတော့ ဟိုမကောင်းကောင်ရဲ့မျက်နှာကို တွေ့ရမှာပဲ ..

အဲ့တာထက် လူကြီးကို ဘယ်လိုပတ်ထွက်ရမလဲဆိုတာကို အရင်စဉ်းစားရမည်..

ခုချိန်ဆို လူကြီးက ရုံးမှာပဲရှိသေး.. အိမ်ကထိုင်စောင့်နေတာ ၀ါသနာမပါတာကြောင့် သူ့ရုံးကိုသာ လိုက်သွားလိုက်သည် ..

" လူကြီး~~"

ရနေကျ မွှေးအီနေတဲ့ ရန့ံတစ်ခုနဲ့အတူ အသံချိုချိုလေးကြောင့ JHope အလုပ်လုပ်နေရမှ မျက်လွှာပင့်ကြည့်လိုက်သည် ..

ဂျက်ကပ်နက်ပြာရောင်နဲ့ အဖြူရောင်ဂျင်းဘောင်းဘီကို တွဲဝတ်ထားတဲ့ သူ့ Kim လေးဟာ ဒီကမ္ဘာမှာ အလှဆုံးနဲ့ သူ့စိတ် အေးချမ်းသွားစေတဲ့ တစ်ခုထဲသော ရေတံခွန်လေး ..

ရှုပ်တယ်လို့ ယူဆရတဲ့ ဂျက်ကပ်ရင်ဘတ်က ချိန်းကြိုးလေးတွေ.. ခါးပတ်ကြိုးရှည်ရှည်တွေ.. လက်ဖျံနားက ပုလဲသီးလေးတွေနဲ့ နီရဲရဲလက်ပတ်ချည်ကွင်းလေးတွေက တခြားသူတွေဆိုရင် သူချက်ခြင်း မျက်နှာလွဲမိမှာ ဆိုပေမယ့် ထိုလူဟာ Kim လေးဖြစ်နေခဲ့တဲ့အတွက် သူ့မှာ ကြည့်မဝနိုင်..

" လူကြီးက ကြည့်ပဲကြည့်နေတော့မှာလား?.."

SeokJin လူကြီးလက်ထဲက စာရွက်တွေကို ဆွဲဖယ်လိုက်ပြီး လူကြီးပေါင်ပေါ်ထိုင်ကာ ရင်ခွင်ထဲ အတင်းတိုးဝင်လိုက်သည် ..

သူရှိနေရက်သားနဲ့ ဒီလိုစာရင်းဇယားတွေကို လုပ်နေရင် နည်းနည်းမှ မကြိုက််..

ကျနော့်ကိုပဲ အလေးထားစမ်းပါ Jeon JHope ရယ်..

" လူကြီး Kim သူချင်းတစ်ယောက်ရဲ့ ပါတီသွားမလို့.."

" အင်း ဒီလို မိမိုက််နေအောင် ဝတ်ထားကထဲက ရိပ်မိပါတယ်.. ဘယ်ချိန်ပြန်လာမှာလဲ?.."

🌼Daisy🌼Where stories live. Discover now