UNICODE
အဲ့ဒါက ပြောရရင် ဘိန်းလိုပဲ..
ဘာနဲ့တူလဲ ဆိုရင်.. ဆေးခြောက်ရွက်ထဲမှာ ဟေရွန်းအမှုန့်လေးတွေလိပ်ပြီး သောက်ရသလို..
တစ်ခါတစ်လေကျ မော်ဖင်းကိုအရည်ဖောက်ပြီး ဆေးထိုးအပ်နဲ့ ခပ်ပြင်းပြင်းထိုးထည့်ရတဲ့ခံစားချက်..
မရှူရတဲ့နေ့ဆို သေစေနိုင်လောက်အောင်ကို စွဲတာ..
ကျနော့်အခန်းထဲက မနက်တိုင်း တွန့်ကြေနေတဲ့ အိပ်ယာခင်းစတွေ..
အမှိုက်ပုံးထဲက ကျနော်တို့ရဲ့ ကွန်ဒုံးတွေ..
ဂိမ်းစက်လုပြီး အနိုင်ယူခဲ့တဲ့ ပြိုင်ပွဲတွေ..
ဘတ်စ်ကားပေါ်မှာ နားကျပ်ကို တစ်ယောက်တစ်ဖက်နားထောင်ပြီး အိမ်ပြန်ခဲ့တဲ့ ကျောင်းဆင်းချိန်တွေ..
နေ့တိုင်းရိုက်ဖြစ်ခဲ့ကြတဲ့ ခုရိုက်ခုထွက် Instax Camera ထဲက ဓာတ်ပုံအရောင်ခပ်လွင့်လွင့်တွေ..
ကျနော့်ရဲ့စည်းချက်တိုင်းကို တောင်းတတဲ့ SeokJin ရဲ့ လိုချင်တက်မက်တဲ့စိတ်ဆန္ဒတွေ..
အဲ့တုန်းက အသက် 16 နှစ်သာ ရှိကြသေးတဲ့ သူ့တို့ဆီမှာ အချစ်ဆိုတာ ဘာမှန်းတောင် မသိခဲ့ဘူး..
ဒါပေမယ့် ကျနော်တို့နေ့စဉ်ဘဝတွေက အချစ််တွေ ဖြစ်ခဲ့တယ်ဆိုတာကို အဲ့တုန်းက နားမလည်ခဲ့ဘူး..
" ဒီနေ့ည မင်းအိမ်ကို လိုက်ခဲ့မယ်.."
" မလိုက်နဲ့.. မင်းအိမ်ကိုပဲ သွားကြတာပေါ့.."
အိမ်မှာ လူမူရေးအဆင်မပြေတဲ့ သူ့မိဘနှစ်ယောက်ရဲ့အခြေအနေကို SeokJin JungKook ကို မပြချင်ပါ..
Appa က မိန်းကလေးငယ်ငယ်ချောချောလေးတွေကို အိမ်ကို ခေါ်လာသလို Omma ကလည်း ဆယ့်နှစ်ရာသီ ၀ိုင်ခန်းထဲ ထွက်လာလေ့မရှိဘူး..
သူ့ရဲ့အိမ်ပြန်ချိန်အတွက် ပျက်စီီးနေတဲ့သူ့အိမ်ထက် လူကြီးတွေမရှိတဲ့ JungKook အိမ်က ခိုလှုံစရာလိုဖြစ်လာတယ်..
" အဲ့တာကြီးနဲ့ ဘာလုပ်မလို့လဲ?.."
၀ိုင်းပုလင်းနီနီကြီးကို ဆွဲလာတဲ့ JungKook..