🌼0.0🌼

5.7K 405 25
                                    

UNICODE

" Luci တဲ့ ငါ့ရည်းစား.."

လှည့်ကြည့်လိုက်တော့.. လေတိုက်ရင်တောင် လဲသွားနိုင်သည့် သွယ်လျလျခန္ဓာကိုယ်နဲ့ ကောင်လေးတစ်ယောက် ..

ဆံပင်တွေကို ပန်းရောင်ပြေးပြေးဆိုးထားပုံက အာရုံစိုက်ခံချင်တဲ့ ကလေးတစ်ယောက်ထက်မပို..

အင်း..မျက်လုံးလေးတွေကတော့ ဘယ်လိုပြောမလဲ?.. ကျနော့်အတွက်တော့ ကြောင်တောင်တောင်ဆန်သလားပဲ..

" ဒီနေ့ည အိပ်မယ့်သူလို့ ပြောစမ်းပါ.."

SeokJin လက်ထဲက ပျားရည်ရောမထားသည့် ဝစီခွက်ကို တစ်ဆုံးမော့ချပလိုက်ကာ ရေခဲတွေပါ အသံမြည်အောင် တစ်ဂွက်ဂွက်ဝါးခြေလို််က်ရင်း ပြောလိုက်သည် ..

" အင်း.. စိတ်ပါရင်ပေါ့ .."

ပြောပြီး ထိုပန်းရောင်ဆံပင်ကောင်လေးနဲ့ အငမ်းမရနမ်းနေတဲ့ လူကိုကြည့်ပြီး SeokJin မဲ့ခနဲ ..

Cocktail ဖျော်တဲ့ Bartender ကောင်လေးရဲ့ ရင်ဘတ်ကအိတ်ကပ်ထဲကို ဒေါ်လာတစ်ရွက် ထိုးထည့်ပေးလိုက်ရင်း ..

" No Mixed Drinks နော် .. ပြင်းပြင်းလေး.."

မျက်လုံးလေး တစ်ဖက်မှိတ်ပြကာ ခပ်ရွှင်ရွှင်လေးပြောလိုက်တော့.. ရှေ့ကတစ်ယောက်ရဲ့အကြည့်တွေက သူ့ဆီ စူးခနဲ ရောက်လာသည် ..

ဘာလဲဆိုတဲ့သဘောနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြတော့.. Luci လို့ခေါ်တဲ့ကောင်လေးခါးကို ကျစ်ကျစ်ပါအောင် ဖက်ကာ Dancing Floor ကို ဆင်းသွားသည် ..

ထိုစုံတွဲထွက်သွားခါမှ ပန်းကန်ထဲက Lemon ခြမ်းကို ပါးစပ်ထဲထည့်လိုက်ရင်း ..

" အလှည့်ကျမနွဲ့စတမ်းပေါ့ JungKook ရာ.."

အငြိုးလား?.. မဟုတ်ဘူး.. မခံချင်စိတ်တွေ ..

ငါချစ်နေပါတယ််ဆိုတာကို သိနေခဲ့တဲ့ မင်းဟာ တစ်ချိန်လုံးငါ့ကို လျစ်လျူရှုခဲ့တယ် ..

အင်း ဒီတစ်ခေါက်တော့ မင်းကို ငါလျစ်လျူရှုလိုက်တော့မယ် ..

မင်းကို ဆုံးရှုံးရမှာ မကြောက်တော့တဲ့ ငါ့စိတ်တွေက သွေးပျက်စရာ ..

~~~~~

🌼Daisy🌼

🌼Daisy🌼Where stories live. Discover now