အခန်း (၄)

133 26 0
                                    

Unicode

ကြက်က‌လေးများက ဥချသည့်အဆင့်ရောက်ရန်အတွက် ရက်ပေါင်း၁၀၀ခန့်စောင့်ဆိုင်းရပေမည်..။ အဓိကအားဖြင့် သူ၏အထက်လူကြီးက သူ၏အနာဂတ်အား မလုံခြုံမှုကို ခံစားရစေသည့်အတွက်.. မိုးသည်းနေ့ရက်များအတွက် စုဆောင်းထားခြင်းက ကောင်းသောစိတ်ကူးဖြစ်လေရာ ရက်၁၀၀အတွင်း ကြက်ပေါက်ကလေးများကြီးထွားသည်ကို အချည်းနှီးထိုင်စောင့်နေ၍မဖြစ်ချေ..။ ထို့ကြောင့် သူသည်အပြင်သို့ထွက်၍ လမ်းမများပေါ်တွင် အေးအေးလူလူလမ်းလျှောက်ရင်း သူ့ဘ၀တိုးတက်ရန်နည်းလမ်းများကို အကြံထုတ်ရန် ကြိုးပမ်းတော့သည်..။

( မိုးသည်းနေ့ရက်- အခက်အခဲကြုံရသည့်အချိန် )

ကမ္ဘာကြီးမှာ သူအရင်နေထိုင်ခဲ့သောကမ္ဘာနှင့် လုံး၀ဥဿုံကွဲပြားသောသမိုင်းကြောင်းရှိသော်လည်း ထူးထူးခြားခြားပင် အပင်နှင့် တိရစ္ဆာန်အမျိုးအစားအများစုမှာမူ တူညီကြသည်..။ နာမည်များပင် အနည်းငယ်မျှမပြောင်းလဲ။ အသံထွက်ကွဲပြားမှုမှလွဲ၍ ဘာသာစကားနှင့်ပတ်သက်၍ သွေဖီမှုအများကြီးမရှိပေ..။
သက်ရှိဇီ၀ရုပ်တွေရဲ့ ဆင့်ကဲဖြစ်စဉ်တွေက ဆင်တူတဲ့ပုံပဲ။
သူ့စိတ်ထဲ၌ တွေးဆမိသည်..။

ဂွမ်တျန်းသည် သေးငယ်သော သာမာန်ခရိုင်တစ်ခုဖြစ်ပုံရသည်..။ အရင်းအမြစ်များ အလွန်အမင်းရှားပါးသော ခရိုင်မြို့မဟုတ်သလို ပျားပန်းခတ်စည်ကားလှသည်လည်းမဟုတ်..။ သူဖုန်းစားနှင့် သူခိုးများက ဟိုဟိုသည်သည်ခြေရှုပ်နေကြပြီး အရာရှိအမှုဆောင်များနှင့် မြေပိုင်ရှင်များလည်းရှိကြသည်..။ ဘယ်ကိစ္စမဆို သာမာန်ဟုသာထင်ရသည်..။

သို့သော်ငြား အလွန့်အလွန်အေးချမ်းသာယာ၏..။ ရုံးစေရဲမက်များက သူခိုးသူဝှက်များအားဖမ်းဆီးကြသည်..။ ပြည်သူလူထုကိစ္စရေးရာများအား မကြာခဏနှောင့်ယှက်ဖျက်ဆီးတတ်သည့် မည်သည့်သူဖုန်းစား သို့မဟုတ် ဒေသခံကိုမဆိုဖမ်းဆီးမည်ဖြစ်သည်..။ ရံဖန်ရံခါတွင် အနှောင့်အယှက်ပေးတတ်သောငနဲတစ်ချို့အား အစိုးရအကျဉ်းထောင်တွင် ရက်အတည်းငယ်မျှဖမ်းဆီးခံကြရလိမ့်မည်... သို့သော်လည်း အများစုကတော့ သူတို့၏အမှားများထံမှ မသင်ယူကြသူများပင်..။ နန်ကောအာတောင်မှ သူတို့အား အမှတ်ရနေလေပြီ....။ သူကလမ်းမတစ်လျှောက် လမ်းလျှောက်သည့်အခါတွင် ပင်တိုင်စံအကျဉ်းသားတို့ နှုတ်ဆက်စကားဆိုခြင်းကိုပင်ခံရလေသည်..။ သို့သော် မည်သို့သောလူသတ်မှုမျှတော့မရှိ..။

နွေဦးသစ်ပင် နေ၀င်တိမ်တိုက် {Spring Trees and Sunset Clouds}Where stories live. Discover now