Unicode
"ဘာ!..မျက်မမြင်တစ်ယောက်က ငါ့ကိုတာဝန်ယူမယ် ဟုတ်လား အဟက် ဟုတ်မှလည်းလုပ်ကြပါကွာ"
"ဟုတ်ပါတယ် ဆရာ။ ဆရာ့အဖေကိုယ်တိုင် ဒီက ကိုပိုင့်ကိုငှားခဲ့တာ"
"အဲ့မျက်ကန်းကိုမေးလိုက် ဘယ်လောက်ပေးရင်တခြားသူနဲ့လူစားထိုးပေးမလဲလို့''
"ကိုဇွဲလက်ရုဏ်းခင်ဗျ ကျွန်တော်ကတော့ ကျွန်တော့်အလုပ်ကိုလုပ်ရမှာပါပဲ မျက်မမြင်တစ်ယောက်ဆိုတာထက် ခင်ဗျားကိုတာဝန်ယူထားတဲ့ပြန်လည်ထူထောင်ရေးဌာနရဲ့ nurseတစ်ယောက်လို့ပဲမြင်ပေးပါ"
"ေ_ာက်ရေးမပါတာတွေ ပါးစပ်ကိုပိတ်ထားစမ်း ငါကဘာလို့ ငါဆိုတဲ့ ဇွဲလက်ရုဏ်းဘာလို့ အကန်းတစ်ယောက်ရဲ့ အကူအညီကို အဟက် ယူရမှာလဲ"
"နောက်ကျရင် သိသွားပါလိမ့်မယ် ခု၇လအတွင်းတော့ ကျွန်တော့်မှာ တာဝန်ရှိတာမို့ သည်းခံပေးပါဦး"
ခင်ဗျား!!
ဪ ကျွန်တော့်နာမည် ကိုပိုင်ပါ
ခင်ဗျားကို နာမည်ခေါ်ချင်တယ်လို့ဘယ်သူကပြောနေလို့လဲ!!
ဇွဲလက်ရုဏ်းထအရပ်မှာ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ ခြေထောက်တစ်စုံကြောင့် ထိုအမျိုးသားခြေရင်းမှာခွေခနဲ။
အချိန်ကိုက် ဖက်တွယ်ကာ အသာ တွဲရင်းဝှီးချဲပေါ်တင်ပေးတဲ့ ထိုမျက်မမြင်အမျိုးသား။လွှတ်စမ်း မင်းငါ့ကိုထိစရာမလိုဘူး ငါ ငါ..
ကောင်းပါပြီ ကျွန်တော်ဒီနေရာမှာရှိနေမှာမို့ ကိုဇွဲလက်ရုဏ်းတစ်ခုခုအကူအညီလိုရင် ပြောပါ
မလိုဘူး
ပိုင့်အနေနဲ့ဒီအပြောအဆိုတွေကိုနားယဉ်လှပြီဖြစ်သည်။ အဲ့ဒီနေ့က အဲ့ဒီလူကြောင့်သာမဟုတ်ရင် ပိုင်ဒီအခြေအနေကို ရောက်လာမှာမဟုတ်သလို မေမေ့ကိုဆုံးရှုံးရမှာလည်းမဟုတ်ပေ။ ပိုင့်ရည်မှန်းချက်က မေမေ့ရောဂါကိုကုပေးဖို့နဲ့ မေမေစိတ်ချမ်းသာဖို့။ အခုတော့မဟုတ်ပေ။ ပိုင့်မျက်စိပြန်မြင်လာတာနဲ့ ထိုလူကိုလက်စားချေမည်။ ဒီရည်မှန်းချက်အတွက် ပိုင်ဘာကိုပဲလုပ်ရလုပ်ရ ဘယ်လောက်ပဲ ဒုက္ခခံရခံရ လက်လျှော့ဖို့အခြေအနေမရှိ။
YOU ARE READING
Dandelion
Romanceချစ်ခြင်းတရားက ရိုးစင်းပါတယ်။ တစ်ချို့သော အချိန်ကာလ ကလွဲလို့ပေါ့....။