"လက်ရုဏ်း လက်ရုဏ်း!"
ဆေးရုံတံခါးကိုအပြေးအလွှားဖွင့်ရင်းဝင်ရောက်လာတဲ့မိန်းကလေးတစ်ဦး။
"အာ နှောင်ကြိုးရာ ဖြေးဖြေး ချော်လဲနေမယ်ဟ"
'နှောင်ကြိုးစံ' အပြေးအလွှားပြေးဝင်လာတော့ ဇွဲလက်ရုဏ်း စိုးရိမ်တကြီးအော်ပြောပေမယ့် တစ်ချက်မှဂရုမစိုက်ဘဲ ခြေလှမ်းသုံးလှမ်းလောက်နဲ့တင် ကုတင်ခြေရင်းကိုလွှားကနဲရောက်လာသည်။
ဘုရားစူးမိန်းမစစ်စစ်ပင်!!
"ဟဲ့ လက်ရုဏ်း နေရောကောင်းရဲ့လား ။ ငါသွားမှဖြစ်ရတယ်လို့ဟယ်။ ရောက်ရောက်ချင်းပဲ ဒယ်ဒီပြောလို့စိုးရိမ်ပြီး လက်ဆောင်တောင်ယူမလာနိုင်တော့ဘူး။ သက်ရောသက်သာလား ဘယ်လောက်ကျိုးသွားတာလဲ။"
"ဟ နှောင်ကြိုး ခန ဖြေးဖြေး. "
"ငါဘာလုပ်ပေးရမလဲ အမလေး သခင်လေးမျက်ခွက်မြင်ရမှ စိတ်အေးရတော့တယ်၊ ထူထောင်ရေးက special nurseပါသေချာငှားရတယ်ဆိုတော့ နင့်ကိုမံမီကြီးလိုပတ်တီးထုပ်ထားရမယ်ထင်တာ. ငါဘာလုပ်ပေးရမလဲ အားမနာနဲ့နော် ဪ နင်ကအားနာမှာလည်းမဟုတ်ပါဘူး"
"ဖြေးဖြေးပြောပါ မျောက်မရဲ့ ငါနေကောင်းတယ် ကျိုးနေတာကဒီလက်နဲ့ ဒီခြေထောက်နှစ်ချောင်း ..ဪ မကျိုးဘူး အကြောဘာဖြစ်တာဆိုလား.လက်ကသက်သာနေပြီ နင်မေးမှငါသွေးတိုးပြီး မူးချင်လာပြီ"
"အေးပါဟယ် နေလို့သက်သာတယ်မလား"
"သက်သာတယ် မြင်တဲ့အတိုင်းပဲ"
"ဒယ်ဒီက ညနေကျခနလာမယ်တဲ့''
"ရတယ် အလကားနေ သတင်းပေါက်ကြားသွားမယ် အန်ကယ့်ကိုငါသက်သာတယ်ပဲပြောပေး"
"ဘယ်သူမှမရှိဘူးလား"
နှောင်ကြိုးစံဟိုဟိုဒီကြည့်ရင်းမေးလိုက်တော့ အခန်းထောင့် ခုံဆီက အမျိုးသား ချောချောတစ်ယောက်။
"ဟဲ့ နင်ကလည်းစောစောမပြောဘူး"
"ငါပြောဖို့ရော နင်အချိန်ပေးလို့လား "
"ဟဲ့ချောချောလေးနော်"
လက်ရုဏ်း၏နားနားသို့ကပ်ရင်းခပ်တိုးတိုးပြောလိုက်သည်။
YOU ARE READING
Dandelion
Romanceချစ်ခြင်းတရားက ရိုးစင်းပါတယ်။ တစ်ချို့သော အချိန်ကာလ ကလွဲလို့ပေါ့....။