Unicode
၄နာရီ...
၅နာရီ...
၆နာရီထိုးဖို့ မိနစ်ပိုင်းအလိုမှာတော့ အခန်းတံခါးဝဆီက ရင်းနှီးနေတဲ့ ခြေသံနဲ့ တတောက်တောက်အသံ....
လက်ရုဏ်းဆန့်ကျင်ဘက်အရပ်ဆီမျက်နှာမူကာ လှဲရင်း မျက်လုံးတို့မှိတ်ထားပေမဲ့ အိပ်မနေခဲ့။"ကိုယ်နည်းနည်းအိပ်ေပျာ်သွားလို့နောက်ကျသွားတယ် "
ပြန်ပြောသံမကြားရတာကြောင့် နားစိုက်ထောင်လိုက်တော့ လှုပ်ရှားနေတဲ့ အသက်ရှူသံမျှင်မျှင်..
အိပ်နေတဲ့ အသံတော့မဟုတ်ပေ။
ဇွဲလက်ရုဏ်းအိပ်ပျော်တဲ့အခါ အသက်ရှူသံက အစီစဉ်တကျ ဖြေးညှင်းစွာ..
ယခုကတော့မဟုတ်..သက်သက်မဲ့ ဖွဖွရှူနေသယောင်။
ဒီကောင်လေးငါေနာက်ကျလို့စိတ်များခုနေတာလား။"လက်ရုဏ်း ဇွဲလက်ရုဏ်းလို့ ကိုယ်ကြက်ဥပေါင်း စောင့်ရင်း အိပ်ပျော်သွားလို့ပါ sorryနော် နောက်ကျတဲ့အချိန်အတွက် ကိုယ့်လုပ်အားခထဲကဖြတ်..."
"ခများတော်တော့ ဘယ်မှာလဲ ကျွန်တော်မှာတဲ့ဟာ"
အဆုံးမသတ်လိုက်ရတဲ့ ပိုင့်စကားတွေကိုပြန်မြိုချလိုက်ရသည်။
"ဒီမှာ ဒီမှာ ခနလေးနော် ကိုယ် စားပွဲတင်ပေးမယ် နည်းနည်းတော့အေးနေတယ်ထင်တယ် freezerထဲထည့်တာကြာသွားတယ်"
"ရတယ် ပေး"
ကြက်ဥပေါင်းရုပ်မပေါက်သော ကြက်ဥပေါင်းကိုကြည့်ရင်း ဇွဲလက်ရုဏ်း အော်မရီမိအောင်တအားထိန်းလိုက်ရသည်။ မူကြိုကလေးထမင်းဗူးလေးထဲက ကြက်ဥဝါဝါလေးနဲ့ပဲစိမ်းလုံးလေးတွေ မညီမညာမုန်လာဥနီတုံးသေးသေးလေးတွေဟာ ချစ်စရာတော့ကောင်းပေမဲ့ မေမေလုပ်ပေးဖူးတာနဲ့တော့တခြားစီပင်။ ထည့်ထားတဲ့စတီးဝက်ဝံဗူးေလးကို ပိုပြီးရီချင်နေသည်။ အသက်၂၅နှစ်အရွယ် လူတစ်ယောက်က ဒီလိုအသုံးအဆောင်ပစ်စည်းမျိုး ရှိနေလိမ့်မည်ဟု လုံးဝမထင်ခဲ့။ဇွန်းအသေးလေးကပါ ဝက်ဝံခေါင်းလေးနှင့်ဖြစ်သည်။
"စားလို့အဆင်ပြေလား လက်ရုဏ်း"
"ဟင်..အင်း အ..အဆင်ပြေပါတယ် စားလို့ကောင်းတယ်"
YOU ARE READING
Dandelion
Romanceချစ်ခြင်းတရားက ရိုးစင်းပါတယ်။ တစ်ချို့သော အချိန်ကာလ ကလွဲလို့ပေါ့....။