Irish Coffee

166 20 8
                                    




စာရေးသူ ၏ အမှာ။         ။ Coffee ထဲမှာ Whisky အရောလေးနဲ့ဆို အကြိုက်များထူးဆန်းသွားမလား ဟုတ်ပါတယ် စာရေးသူလဲ Fanfic ဝတ္ထု တစ်ခုမှာ ဝီစကီရောတဲ့ ကော်ဖီ အကြောင်းပြောပြတတ်တဲ့ အကိုတစ်ယောက်ရဲ့ သြရှရှ အသံမှာ စွဲလမ်းသွားတဲ့ အကြောင်းလေးကို ဖတ်မိရင်း Irish Coffee ရေးဖို့ အကြောင်းဖန်လာပါတော့တယ်။

Irish Coffee Story

မိုးတွေသည်းတဲ့ တနေ့

ထီးမပါဘဲ လမ်းတခုပေါ်မှာ ဖြတ်လျောက်နေမိတယ်။ အရင်လို မိုးစက်မိုးပေါက်တွေ ကြားက အုပ်မိုးဆောင်းပေးမယ့် ထီးတလက်ကို တမ်းတမိပေမယ့် အရင်လို အနားမှာ မရှိတော့တာ မေ့သွားခဲ့သလို ထီးယူခဲ့ဖို့ကိုလည်း ထပ်မေ့သွားခဲ့ပြန်တယ်။

လောကကြီးက တရားပါတယ်။ မတရားတာက ငါပါပဲ။ ထူးဆန်းတဲ့ စိတ်ဝိဉာဉ် ကြောင့် ခိုနားဖို့ မတွေးတော့ပဲ တစ်ယောက်တည်း လမ်းမထက်မှာ ရပ်တည်ချင်ခဲ့တာ အရင်လို အကူအညီတွေ အနားမှာ ရှိတာတွေကို စိတ်ရှုပ်စရာလို့ ထင်မိခဲ့တဲ့ အခိုက်အတန့်မှာ ရက်စက်တဲ့ စကားတွေ ပြောမိခဲ့တယ်။

The first Meet

စတွေ့ခဲ့မိတာက နီယွန်မီးပျပျအောက်က ကော်ဖီဆိုင် တခုမှာပေါ့...

အဲ့တုန်းက မနူးမနပ် အရွယ် လမ်းစပျောက်နေတဲ့ နေ့တနေ့မှာ စိတ်တွေညစ်ညူးလာလို့ ကော်ဖီခါးခါး သောက်ဖို့ ဆိုင်ထဲဝင်လာမိတယ်။ ကိုယ့်ရှေ့က အကိုကြီးတယောက် ကောင်တာမှာ မှာနေတာမို့ queue ရင်းနောက်က စောင့်နေမိစဉ် မသိလိုက်ပဲ သူမှာလိုက်တာနားစွင့်မိတော့ Irish Coffee တဲ့...

တခါမှ မကြားဖူးတဲ့ ကော်ဖီပဲ...ထင်မိတာက Irish ဆိုတော့ အိုင်ယာလန် ကလာတဲ့ ကော်ဖီ ပေါ့လေ ကိုယ်လဲ သောက်ကြည့်မယ်ဆိုပြီး သူမှာပြီးတာနဲ့ နောက်ကနေ လိုက်မှာမိတော့ ပိုက်ဆံရှင်းပြီး ထိုင်စရာနေရာဘက် ထွက်သွားတော့မယ့် အကိုက ပြန်လှည့်လာပြီး မေးတယ်...

ကလေးမ အသက်ပြည့်ပြီလားတဲ့...

အစကတော့ အူကြောင်ကြောင်နိုင်သွားတယ် ဒီလူကြီးက ဘာလားပေါ့... အသက်ပြည့်မပြည့်က ဦးလေးကြီးနဲ့ ဘာဆိုင်လဲ ဘုဆတ်ဆတ် ပြန်ပြောမိတော့...

Journey to the CoffeeWhere stories live. Discover now