Caffè latte

168 9 3
                                    

Caffè latte

အီတလီ လိုခေါ်ရင် Caffè latte [kafˌfɛ lˈlatte, kaffe lˈlatte]), ဒါပေမယ့် အင်္ဂလိပ်လူမျိုးတွေကတော့ latte (/ˈlɑːteɪ, ˈlæteɪ/) လိုအလွယ်တကူခေါ်ကြတယ်။ မြန်မာပြည်မှာလဲ ကော်ဖီဆိုင်မှာ မှာသောက်ရင် latte တခွက်လို့ပဲ ပြောကြတာက လျာရိုးစွဲနေပြီလို့ ပြောရမှာပေါ့။ espresso နှင့် steamed milk တို့ ‌ရောစပ်ပြုလုပ်ထားတဲ့ Caffe latte ဟာ နှစ်လိုဖွယ် အနံ့အရသာကြောင့် အပြင် သူရဲ့ latte art ကြောင့်လဲ ကျော်ကြားတဲ့ ကော်ဖီ တခွက် ဖြစ်ပါတယ်။

အဖျော်ဆရာ တစ်ယောက်ရဲ့ အိပ်မက်ဟာ latte art လှလှလေးတွေ ဖန်တီးဖို့ ဆိုတာ ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းတဲ့ day dream တခုလို့ ပြောရမလိုပါပဲ။

ကော်ဖီတွေ ကြိုက်နှစ်သက်တဲ့ ကျမဟာ ကော်ဖီ အရသာတွေကို တမျိုးပြီး တမျိုး မြည်းစမ်းကြည့်ရတာ ကြိုက်သလို အဲ့ဒီကော်ဖီရဲ့ ပုံပြင်လေးတွေကို ရှာဖွေရတာလဲ နှစ်သက်သူပေါ့...

Caffe latte ရဲ့ ပုံပြင်ကတော့ ဒီလိုလေးစတယ်...

နေ့တိုင်း ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်း လူးလားခေါက်တုံ့ လျောက်လှမ်းနေတဲ့ ကလေးမ တစ်ယောက်ရှိတယ်။ သူကလေးရဲ့ တခုတည်းသော ရပ်တန့် မှုက အဝါရောင် နေကြာပန်းတွေ ပွင့်နေတဲ့ ကော်ဖီဆိုင်ငယ်။

နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ အချိန်မှန် ရပ်တန့်ငေးကြည့်မှုဟာ ဒီကော်ဖီဆိုင်လေးနဲ့ barista အကိုချောကြောင့်ဆို အရမ်းများ လွန်သွားမလား...

အသက်၁၉နှစ် အရွယ် တတိယနှစ် တက္ကသိုလ် ကျောင်းသူတယောက်မို့ ရင်ခုန်စိတ်လှုပ်ရှားမှုဟာ လေတိုက်တိုင်း ယိမ်းနွဲ့နေသလိုပဲ အခြေမတည်ဘူး လို့ လူတချို့ကပြောတယ်။ ဒီကောင်မလေး အတွက်တော့ အဝါရောင် နေကြာပန်းတွေ ရှိတဲ့ caffe ဆိုင်ငယ်ဟာ သူမ ငေးကြည့်နေရတဲ့ ပျော်ရွှင်မှု... အဝါရောင် နေကြာပန်းတွေနဲ့ တူတဲ့ အကိုရှောင်းကျန့်က သူမရဲ့ နွေးထွေးမှု လေးပါပဲ...

နေကြာပန်းတွေဟာ နေမင်းရှိတဲ့ အရပ်ကို မျက်နှာမူ ငေးကြည့်တက်ကြတယ်။ ငေးကြည့်နေရင်းနဲ့ပဲ နေကြာတွေဟာ ရှင်သန်ဖူးပွင့်ကြရတယ်။ အဲ့လိုပဲ ကောင်မလေးဟာလဲ ချစ်ရတဲ့ သူကို ငေးကြည့်နေရင်း ရှင်သန်ပျော်ရွှင်နေရတယ်။ တနေ့နေ့မှာတော့ နေကြာပန်းလေးဟာ ပျော်ရွှင်မှု ကို သယ်ဆောင်လာပေးမယ်လို့လဲ သူမက ယုံကြည်နေသေးတယ်။

Journey to the CoffeeWhere stories live. Discover now