|အခန်း ၁|ပြန်လည်တွေ့ဆုံခြင်း

3 2 0
                                    

Unicode

အချိန်ကား ၂၀၂၁ ခုနှစ် ၇ လပိုင်း၊ မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ တစ်ပတ်တိတိရှိနေလေပြီ။ မြစ်ရေ၊ ချောင်းရေများ အဆက်မပြတ် တိုးများလာသည်မှာ စိုးရိမ်ရေမှတ်တောင် ရောက်လို့နေသည်။ ကိုဗစ်အရေး၊ နိုင်ငံ့အရေးများကြောင့်လည်း တိုင်းပြည်သည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်က ဆုတ်ယုတ်လို့ နေခဲ့သည်။ ကျွန်တော်သည် ကျောင်းကမပြီး၊ အလုပ်ကမရ၊ ဝင်ငွေကမရှိနှင့် တစ်နှစ်ကျော်မျှ စိတ်ဓာတ်ကျလိုက် ပြန်တက်လိုက်နှင့် လုံးချာလိုက်ကာ နေနေခဲ့သည်။ သို့သော် ထိုနေ့က အိမ်နှင့်လည်းအဆင်မပြေသည့် ကျွန်တော်သည် လုံးဝကို စိတ်ဓာတ်က အောက်ဆုံးထိကျဆင်းပြီး လောကကြီးကနေ ပျောက်ကွယ်သွားချင်သည်ဟု ခံစားမိခဲ့သည့် ပထမဆုံးနေ့လည်း ဖြစ်သည်။ ဘယ်လောက်ထိ ထိုစိတ်ကူးက ပေါက်ရောက်ခဲ့သလဲဆိုလျှင် နောက်တစ်ရက်မှာပင် ကျွန်တော် ဆေးဆိုင်ကို သွားဖြစ်ခဲ့သည်။ လိုချင်သည့် ဆေးကို ဝယ်ပြီးပြီးချင်း ပြန်လှည့်အထွက်တွင် ၇နှစ်အကြာမှာ ပထမဆုံးအကြိမ် သူနှင့် ပြန်တွေ့လေသည်။

"ညို့"

သူ ကျွန်တော့်နာမည် ခေါ်လိုက်သည့်အချိန် ရင်ထဲမှာ ဒိတ်ခနဲဖြစ်သွားတာက ထိတ်လန့်သွားသည်ဟုပဲ ဘာသာပြန်ပစ်ခဲ့သည်။ ထိုစဥ် သူရဲ့မျက်လုံးက ဆေးဗူးကိုင်ထားသော ကျွန်တော့်လက်ကို ရုတ်တရက်ကြည့်လာသဖြင့် မသိစိတ်အလျောက် အနောက်ကိုဖွက်လိုက်မိသည်။ ဆေးက ရိုးရိုးဆေးဆိုပေမယ့် မရိုးသားတဲ့ကျွန်တော်က ဆေးကျောင်းသားသူ့ကို လှိမ့်နိုင်မှာတဲ့လား။

"ပိုင်...အဟမ်း....ပိုင်ရှင်းညီ မတွေ့တာကြာပြီနော်"

တစ်ချိန်ကဆိုင်ခဲ့ဖူးသူဆိုပေမယ့် အခုလို ရုတ်တရက်ကြီးပြန်တွေ့ရတော့ ခေါ်ပုံခေါ်နည်းတွေက အမှားမှားအယွင်းယွင်း။ ကျွန်တော့်ထက် မဆိုစလောက် အရပ်မြင့်လာသည့် သူက ကျွန်တော့်ကို နူးနူးညံ့ညံ့ ပြုံးပြလာသည်။ အတိတ်ကအပြစ်ကြောင့်လား လက်ရှိလုပ်ရပ်ကြောင့်လား မသေချာပေမယ့် ကျွန်တော်ပြန်ပြုံးလိုက်သည်က အသက်မပါ။ သူကတော့ ဘာမှမဖြစ်သလို ဆိုလာသည်။

နောက်ဆုံးကောက်ရိုးတစ်မျှင်သာရှိခဲ့ရင်Where stories live. Discover now