အတ္တလွန် အချစ်(အပိုင်း ၁)(Nl)

666 18 1
                                    

2012ခုနှစ် နွေဦး..။

ကလင် ကလင် ကလင်

"ဟယ်လို ဖေဖေလား စားပြီးပြီလား"

"အင်း သမီးစားပြီးပြီ ဒီနေ့ သမီးကို တခြားအတန်းက ကောင်လေးတစ်ယောက်က စာလိုက်ပေးတယ်"

"အင်း သေချာပေါက် ထွက်ပြေးလာတာပေါ့ ရှက်စရာကြီးကို "

"ဟင့်အင်း ဟိန်းက သူ့ကောင်မလေးနဲ့သူတောင် အလုပ်ရှုပ်နေတာကို သမီးကို ဂရုစိုက်အားပါ့မလား"

"အင်း ဒါဆို အလုပ်လုပ်တော့လေ Good nightနော် ချစ်တယ်"

သူမရဲ့အသံက လေပြေညင်းတွေလို နူးညံ့နေပြီး အေးချမ်းနေတယ်။ဆယ်ပေပတ်လည် အဆောင် အခန်းကျည်းလေးရဲ့ ညအမှောင်ကို လျှပ်စစ်မီးသီးလေးက အံတုနေလေရဲ့။မီးရောင်ဖျဖျရဲ့အောက်က သူမရဲ့ မျက်နှာမှာတော့ အပြုံးပန်းတွေ ရှိနေပါသေးသည်။

အမြဲလိုလို ပြုံးနေတတ်သည့် သူမ။

ယိမ်းရဝေ ဟု ခေါ်ကြလေသည်။

.............................

"ဟဲ့ ဟိုမှာကြည့်စမ်း အဲ့တာ နောက်ဆုံးနှစ်က the whole king အစ်ကိုကြီးမို့လား ချောလိုက်တာ ကြည့် ဟိုမှာ"

"ဝိုး တကယ်ချောတယ်နော် မင်းသားတောင် လုပ်လို့ရတယ်"

အတန်းရှေ့က ထိုအမျိုးသားကို ကြည့်ရင်း မိန်းကလေးအများစု စကားသံများ ဆူညံလာကြလေသည်။ထိုအမျိုးသားက ရုတ်တရက် သူမတို့ အတန်းဘက် လှည့်ကြည့်လိုက်ချိန်တွင်တော့

"အား လုံးဝကို ငါ့အကြိုက်ပဲ ရဝေ နင်တွေးကြည့်စမ်း သူနဲ့ ငါနဲ့သာ မင်ဂလာဆောင်ရင်......"
စောနွယ်နွယ်က ရဝေကို လက်တို့ရင်း ပြောလိုက်လေသည်။သို့ပေမယံ ရဝေက ကြားဖြတ်ကာပင်....
"လက်မနဲ့ လက်ခလယ်လို ဖြစ်နေမှာလေ"

"နင် ချီးပဲ ငုံနေလိုက် ရဝေမ အဲ့လောက်ထိ ကိုယ့် သူငယ်ချင်းကို ပြောစရာလား ဟမ်"
ပြောရင်း ဆိုရင်းပင် စောနှယျနှယျက ထုံးစံအတိုင်း ရဝေရဲ့ ဘယ်ဘက် လက်မောင်းကို ငုံ့ကိုက်လိုက်လေသည်။ရဝေက နာသွားတဲ့ လက်ကို ပွတ်ချေရင်း
"အား ဘာလို့ကိုက်တာလဲ"

"ချီးမကျွေးရက်လို့ ငါပဲ နင့်ကို စားပေးလိုက်တယ် အော် ဒါနဲ့ နင်ကြာလား"

စိတ်ကူးပေါက်ရာ အတိုလေးများWhere stories live. Discover now