[ UNICODE ]
ပို၍ကောင်းသော အနာဂတ်အတွက် အချိုးအဆစ်တစ်ခု
ဖန်းကျွယ်ရှက သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများအား သပ်လိုက်ကာ ဖြစ်စဉ်တစ်ခုလုံး၏ ပြောသင့်သလောက်ကိုသာ အရှင်းဆုံးနှင့် အတိုဆုံးဖြစ်အောင် ပြောပြလိုက်ပါ၏။
" သူက ကျွန်တော့်ကို သူ့နောက်လိုက်လုပ်စေချင်တာ၊ ကျွန်တော်က ငြင်းလိုက်တော့ သူလည်း ကျွန်တော့်ကို ကန်ထုတ်လိုက်တယ်ပေါ့ "
သူက တည်တည်ငြိမ်ငြိမ်ဖြင့် အေးဆေးစွာ ပြောပြလိုက်ပါသော်လည်း ချန်ချန်း၏ မျက်နှာအမူအယာမှာ ပြောင်းလဲသွားပါသောကြောင့် သူသည် ဘာဆက်ပြောသင့်သည်မှန်း မခွဲခြားနိုင်တော့ပါချေ။
" ဒါက နောက်စရာမဟုတ်ဘူးနော်၊ ငါတို့က အစတည်းက အပိုင်းခြောက်ပိုင်းစာအတွက် လက်မှတ်ထိုးထားပြီးပြီ၊ ရိုက်ကူးရေးက သုံးပိုင်းပဲလုပ်ရသေးတာ၊ ဒါ စာချုပ်ဖောက်ဖျက်မှုပဲ... "
ကျွမ်းဖန်ရှင်းက တုံးတိပင် ပြောလိုက်ပါတော့၏။
" သူတို့အတွက် ဒါမျိုးက ခုမှ ပထမဆုံးဖြစ်ဖူးတာ မဟုတ်ဘဲ၊ စည်းမရှိတဲ့လူတွေနဲ့ စာချုပ်အကြောင်း ဆက်ပြောနေစရာ ကိစ္စမရှိဘူးလေ "
မှန်ပေ၏။ ချန်ချန်းက ကားမှန်ကို ချလိုက်ကာ စီးကရတ်တစ်လိပ်ကို မီးညှိလိုက်လေသည်။ လေအေးစိမ်းစိမ်းတို့က ရုတ်ချည်းပင် ကားထဲနေရာအနှံ့သို့ ဝင်ရောက်လာကာ မျက်နှာကို မညှာမတာ ရိုက်ခတ်လာပါ၏။
" သူတို့ကတော့ မင်းပုံရိပ်ကို ပျက်အောင်လုပ်ပြီး မင်းအပေါ်ကိုပဲ အပြစ်ပုံချဦးမယ်ထင်တယ်၊ မဟုတ်ဘူးကွာ... အဲ့လိုကို လုပ်တော့မှာ၊ မင်းကို ရိုက်ကူးရေးကနေ ရုတ်တရတ်ထုတ်ပစ်ဖို့အတွက် သူတို့ဘက်မှာ အကြောင်းအရာဖန်တီးပြီးသားပရှိနေမှာပဲ....မဖြစ်သေးဘူး၊ ငါ အသံလွှင့်ဌာနနဲ့ ဆက်သွယ်ကြည့်လိုက်မယ်၊ သူတို့ကို ဒီအတိုင်းလွှတ်ထားလို့တော့ မဖြစ်သေးဘူး "
ထိုသို့ကြားရသည်က ဖန်းကျွယ်ရှ၏ ဥပေက္ခာပြုနိုင်စွမ်းတို့အား ပြိုကျသွားစေပါ၏။ သူသည် အဖွဲ့တစ်ခု၏ အဖွဲ့ဝင်တစ်ယောက် မဟုတ်ခဲ့ပါလျှင် ပိုကောင်းဦးမည်ဟု တစ်ခါတစ်လေ ဆုတောင်းမိလေသည်။ သို့မှသာ သူတာဝန်ယူရမည့် ကိစ္စအရပ်ရပ်အား မည်သူတစ်ဦးတစ်ယောက်ကိုမှ ပါဝင်ပတ်သက်ခြင်းမရှိစေဘဲ သူတစ်ဦးတည်းသာလျှင် အလုံးစုံ တာဝန်ခံနိုင်ပေမည်။
YOU ARE READING
စီးပွားရေး ဝိရောဓိ[HIATUS ]
Lãng mạn营业悖论 / Fanservice Paradox မူရင်းစာရေးဆရာ - ကျစ်ချူ /Zhìchǔ (稚楚) အပိုင်းအရေအတွက် - 109+11(Extra) အဓိကဇာတ်ကောင် - Pei Tingsong/ ဖေထင်းစုန့် ၊ Fang Juexia/ ဖန်းကျွယ်ရှ အမျိုးအစား - Adult, Romance, Slice of Life, Yaoi ဇာတ်လမ်းအကျဉ်း ခလိုင်းဒို(Kaleido)...