Chapter - 10

2.2K 382 9
                                    

Unicode

အန်းက လင်းလင်းရဲ့ချီးမွမ်းတာခံလိုက်ရ‌တော့ နှုတ်ခမ်းလေးဟာချက်ချင်းအပေါ်ကိုတွန့်သွားပြီး :
"ကျွန်တော်အရင်က ဝိုင်တွေရောစပ်နည်းသင်ခဲ့ဖူးတယ်၊ ညီမလေးကြိုက်တယ်ဆိုရင် ကျွန်တော်တခြား အရသာတွေပါ စပ်ပေးနိုင်တယ်။"

Mrs.ချိုးဟာ သူ့ဘေးကနေ စလိုက်တယ် :
"ကြည့်ရတာအန်းက ညီမလေးကိုအရမ်းသဘောကျပုံရတယ်"

လီလင်းလင်းဟာ သူမစကားကြောင့် မျက်နှာလေး နီလာပြန်တယ်။ Mrs.ချိုးက သူမရဲ့ပုခုံးကို ပုတ်ပေးလိုက်ပြီး :
"စိတ်မပူပါနဲ့ သူတို့မင်းကို ကိုက်မစားပါဘူး။ ဒီနေရာက သာမန်နေရာတစ်ခုလိုပါပဲ။ သူတို့က သီချင်းဆိုပေးဖို့ရယ် ဧည့်သည်တွေနဲ့စကားစမြည်ပြောပေးဖို့ရယ်ပဲ တာဝန်ရှိတာ။တကယ်လို့မင်းလိုချင်တယ်ဆိုရင်တောင် ဘာမှလုပ်လို့မရဘူး။"

"အဟွတ်" လီလင်းလင်းဟာ သီးတော့မလိုတောင်ဖြစ်သွားပြီး Mrs.ချိုးကို ဖြည်းဖြည်း‌ချင်းမေးလိုက်တယ် :
"အစ်မက ဒီကိုခဏခဏ လာဆော့တာလား?"

"ငါနဲ့ငါညီအစ်မတွေ ဘာကိစ္စမှမရှိရင် လာနေကျပဲ။မောင်ငယ်လေးတွေက သီချင်းဆိုတာ အရမ်းတော်တယ်လေ အဲဒီတော့ လူတွေကိုပျော်အောင်ပိုလုပ်ပေးနိုင်တာပေါ့"

"...." အဲလိုကိုး။

"တကယ်လို့ ညီမလေးကနောက်ပိုင်းမှာလာချင်ရင် အစ်မနာမည်ကိုသာပြောလိုက်။ မင်း 20% discount ရနိုင်တယ် " သူ့ရဲ့ဖုန်းကိုထုတ်ကာ အကြိမ်အနည်းငယ်လောက်နှိပ်လိုက်ပြီး Mrs.ချိုးပြောလိုက်တယ်။
"တကယ်လို့ မင်းတစ်ယောက်တည်းလာရမှာ ရှက်တယ်ဆိုရင် တစ်ယောက်ယောက်ကို အဖော်ခေါ်လာလို့လည်းရတယ်"

လွန်ခဲ့တဲ့တစ်ရက်ကို ပြန်လှည့်ကြည့်လို့ရမယ်ဆိုရင် လီလင်းလင်းဟာ Mrs.ချိုးနဲ့ ရင်းနှီးခွင့်ရမယ်လို့ ဘယ်တော့မှ စိတ်တောင်ကူးဖူးမည်မဟုတ်ပေ။ သူမဟာ ဖုန်းကိုထုတ်လိုက်ပြီး Mrs.ချိုးရဲ့ QR codeကို scanဖတ်လိုက်တယ်။ သူမကိုaddပြီးတာနဲ့ သူမဟာ groupတစ်ခုထဲကို ဆွဲသွင်းခံလိုက်ရတယ်။

"ဒါငါတို့ညီအစ်မတွေရဲ့ Gpပဲ။ငါမင်းကိုထည့်လိုက်မယ်။ ရှေ့လျှောက်လုပ်မယ့် ဘယ်လှုပ်ရှားမှုကိုမဆို မင်းပါဝင်နိုင်တယ်။"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Tahanan ng mga kuwento. Tumuklas ngayon