Chapter - 56

2.1K 276 6
                                    

Unicode

လီလင်းလင်း ချန်ယီရန်ကိုတွေ့လိုက်ချိန်မှာတော့ သူမဟာနေရာမှာတင် ဆွံ့အ သွားတယ်။

အဲဒါတကယ် ကိုကိုယီရန်လား? ဆရာချန်ရှင်းက အရမ်းတော်တာပဲ၊ သူပြောသလိုပဲ အကုန်မှန်နေရော!!

ချန်ယီရန်က သူ့ဘေးမှာလျှောက်နေတဲ့လူနဲ့စကားပြောနေတာဖြစ်ပြီး သူမရဲ့အကြည့်ကိုအာရုံခံစားမိလိုက်သလိုနဲ့ သူမဘက်ကိုတစ်ချက်ကြည့်လာလေတယ်။ လီလင်းလင်းထွက်လာတဲ့အချိန်မှာ သူမက maskရော နေကာမျက်မှန်ပါတပ်ထားတယ် နှာဘူးတစ်ယောက်လိုပေါ့။ ချန်ယီရန်သူမဘက်ကြည့်လာတာတွေ့တော့ အထိတ်တလန့်ဖြစ်သွားပြီး အိတ်ကိုအနောက်ဘက်မှာထားကာ အနောက်လှည့်လိုက်တော့တယ်။

ချန်ယီရန်က အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး သူ့ဘေးကလူတွေကိုတစ်ခုခုပြောလိုက်တယ်။တခြားလူတွေက ခေါင်းညိတ်လိုက်ပြီး hotelထဲက ထွက်သွားကြတော့တယ်။ ချန်ယီရန်သာလျှင်နေရာမှကျန်ခဲ့လေတယ်။ သူက မသင်္ကာစရာကောင်းတဲ့နောက်ကျောကိုပြန်ကြည့်လိုက်ပြီး ခြေလှမ်းကြွလိုက်ကာ သူမဆီလျှောက်သွားလိုက်တယ်။

"လင်းလင်း" သူလှေကားထိပ်ထိတက်သွားလိုက်ပြီး တိုးတိုးအော်ခေါ်လိုက်တယ်။

လီလင်းလင်းပုခုံးလှုပ်သွားပြီး နောက် ခေါင်းလှည့်လာကာ သူ့ကိုပြုံးပြလိုက်တယ် :
"ကိုကိုယီရန်၊ တိုက်ဆိုင်လိုက်တာနော်"

သူမက maskတပ်ထားတဲ့အတွက် သူမရဲ့အသံက နည်းနည်းထိုင်းမှိုင်းနေလေတယ်။ချန်ယီရန်ရဲ့နှုတ်ခမ်းထောင့်တွေကွေးတက်သွားပြီး သူမကိုမေးလိုက်တယ်:
"မင်း ဒီမှာဘာလုပ်နေတာလဲ?"

လီလင်းလင်းပြောလိုက်တယ် :
"ညီမ အပေါ်ထပ်မှာ ဘူဖေးသွားစားနေတာ"

ချန်ယီရန်ခေါင်းအသာညိတ်လိုက်ပြီး သူမကိုမေးလိုက်တယ် :
"ဒါဆို အခုဘယ်သွားမလို့လဲ?"

"ညီမ၊ ဒီနေ့ညီမ အလုပ်မရှိတော့ဘူး။ အဲဒါကြောင့် ယင်းဝမ်ကိုပဲပြန်လိုက်တော့မလို့"

"ဒါဆို ကိုယ်လိုက်ပို့ပေးမယ်၊ သွားကြစို့"

"....အာ၊ အိုခေ!!" လီလင်းလင်း ပျော်ရွှင်စွာနဲ့ သူ့နောက်ကလိုက်ခဲ့လိုက်တယ်။

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)حيث تعيش القصص. اكتشف الآن