𝒯𝒽ℯ 𝒯𝓇𝓊𝓉𝒽 𝒰𝓃𝓉ℴ𝓁𝒹 4

1.2K 132 60
                                    

Unicode

Day One.

ဒီနေ့namjoon ကိုခါတိုင်းလိုclass
အတူသွားဖို့စောင့်နေခဲ့သည်။ မိုးဖွားလေးတွေ
ကျနေတဲ့ အချိန်လမ်းထောင့်မှာသူတော်တော်ကြာ
စောင့်နေခဲ့သည်။ မိုးတွေသာပိုသည်းလာသည်
သူရောက်မလာခဲ့...‌ဖုန်းခေါ်တော့လည်းမကိုင်
မစောင်နိုင်တော့တဲ့အဆုံး သူလည်းclass
တက်ရမှာစိတ်မပါတာကြောင့် အိမ်ပြန်ပြီး
မိုးအေးအေးနဲ့ အိပ်ဖို့ကြိုးစားနေသည်။

ဪ....ဒီနေ့တော့အေးစက်စွာရွာနေသည့်
မိုးလို...သူလည်း တည်ငြိမ်အေးစက်စွာ
taehyungကိုအိမ်ဘက်ကို လှည့်မကြည့်
နေတော့ဘဲ ကျောခိုင်းလာခဲ့သည်။
သူများတွေမိုးရာသီမှာ အပူပင်ရှိရင်
တောင်မိုးရဲ့အအေးဓာတ်လေးကြောင့်
တစ်ဝက်လောက်သက်သာနိုင်ပေမယ့်
သူကတော့ အေးစက်စိုစွတ်တဲ့မိုးလည်မှာ
ရင်ထဲကအပူမီးကမငြိမ်းနိုင်သေး။

Day two

ဒီနေ့တော့namjoonကိုမစောင့်တော့
classကိုသာတန်းလာခဲ့သည်။
Classရောက်တော်တော်နဲ့ရောက်မလာ
တော့ အတန်းထဲဝင်လာသမျှလူတိုင်းတစ်ယောက်
ချင်းစီလိုက်ကြည့်ရတာအမော....

ခဏအကြာသီချင်းတအေးအေးနဲ့အတန်း
ထဲဝင်လာသောnamjoonကိုတွေ့တော့
ခေါ်မို့လုပ်ပေမယ့် ကိုယ့်ကိုမသိချင်ယောင်
ဆောင်ကာနေနေသည်။

စာစသင်တော့လည်းစာကိုအာရုံစိုက်
နေ‌သည်။ အရင်ကတစ်ခုမဟုတ်တစ်ခု
အကြောင်းမရှိအကြောင်းရှာပြီးစကားပြော
တတ်တတ်တဲ့သူကအခုတော့ငြိမ်နေသည်။

"namjoon...တစ်ခုခုဖြစ်လို့လားဟင်"

အဖက်တောင်မလုပ်ဘဲ နေနေတော့
မေးတဲ့သူကအရူးကြီးလိုဖြစ်နေသည်။

"Kim namjoon!ငါမေးနေတယ်လေ"

"တိတ်တိတ်လေးနေပေး ငါအာရုံစိုက်နေတယ်"

ဒေါသထွက်ထွက်နဲ့ခပ်ကြိတ်ကြိတ်အော်လိုက်တော့
ခက်ထန်နေတဲ့မျက်နှာနဲ့ လူကိုကြည့်ကာ
ငြိမ်နေပေးဖို့ပြောသည်။ ပြန်အအော်ခံလိုက်ရ
တဲ့ အတွက် စိတိကိုတော်တော်ထိန်းထားရတဲ့ပုံ
နဲ့အံကြိတ်နေသောသူ့ကိုnamjoonကြည့်က
ခိုးရယ်နေသည်တော့ သူမသိခဲ့။
.
.
.
"မင်းလုပ်နေတာကြီးက ငါနဲ့သူနဲ့
ဝေးရမယ့်ကိန်းကြီးကွာ"

Tʜᴇ Tʀᴜᴛʜ Uɴᴛᴏʟᴅ ^short story^{ 𝗘𝗱𝗲𝗻 𝗖𝗼𝗻𝘁𝗲𝘀𝘁}Where stories live. Discover now