𝒯𝒽ℯ 𝒯𝓇𝓊𝓉𝒽 𝒰𝓃𝓉ℴ𝒷𝒹 3

660 105 4
                                    

Unicode

အချိန်တွေကြာလာတာနဲ့အမျှသူ့ဘဝလည်း
ပြောင်းလဲလာတယ် taehyungသူ့ဘဝ
ထဲကိုရောက်လာတည်းကဆိုပါတော့။

အခုဆိုအိမ်မှာမသင့်မြတ်ဖြစ်နေတဲ့
အမေနဲ့အဘွားလည်းသင့်မြတ်နေပြီ
အကြောင်းကတော့ ဖေဖေသေတဲ့ကိစ္စ
နဲ့ဖြစ်သည်။

ဖေဖေသေတာမေမေ့ကြောင့်လို့စွပ်စွဲတဲ့
အဘွားကတယူသန်လွန်းလှသည်။
အဘွားမသိတဲ့အဖေ့ရဲ့ဖောက်ပြန်မှုကို
taehyungက‌‌မေမေတားနေတဲ့ကြားက
ပြောခဲ့သည်။‌6နှစ်ကြာဖုံးကွယ်ထားသည့်
အမှန်တရားကိုသိရတဲ့အခါအဘွားသည် အရင်က
မေမေ့ကိုစွပ်စွဲခဲ့တာတွေတွက်တောင်းပန်
ခဲ့သည်။အဲ့နောက်သင့်မြတ်သွားသည်
ဆိုပါတော့။

မေမေ့ရဲ့ ရောင်းအားကျကာ ဘဏ်တိုးတက်နေတဲ့
ဆိုင်လေးကိုလည်း taehyungရဲ့အကြံ
နဲ့ပြောင်းလဲလိုက်တော့ ပိုပြီးအဆင်ပြေ
ချောင်လည်လာခဲ့သည်။

အိမ်မှာလည်း Sundayတိုင်း namjoon
ကိုရော taehyungတိုသားအမိပါပါသည့်
ပျော်ရွှင်ဖွယ်ညစာစားပွဲလေးလုပ်ဖြစ်ကြသည်။

taehyungကြောင့်ပြောင်းလဲခဲ့တဲ့အထဲမှာ
သူလည်းပါပါသည်။အရင်လိုတစ်ယောက်တည်း
မနေတော့အထီးကျန်စရာကောင်းတဲ့အဖြူ
ရောင်အခန်းလေးသည်လည်း ခရမ်းရောင်
လေးဖြစ်လျက် လှပနေသည်။တည်ကြည်
မနေဘဲခဏခဏပြုံးတတ်လာသည်။
အရင်ကလိုပြီတီတီနဲ့စတဲ့taehyung
ကိုအမြင်ကြည်သည်လည်းမရှိတော့ပါ။
ပြီးတော့....သူ့ကိုလည်းသဘောကျလာသည်။
.
.
.
"taehyung..."

ပြောစရာရှိတယ်ဆိုလို့ သူက‌လေး‌တွေနဲ့
ဆော့နေကျဘတ်စကတ်ကွင်းလေးဆီ
လာတွေ့တဲ့Jungkookကရောက်နေတာ
15မိနစ်လောက်ရှိနေပေမယ့် သူ့နာမည်
သာထိုင်ခေါ်နေသည်။

"အင်း...ပြောလေ"

"ကျေးဇူးတင်ပါတယ်...အရာအားလုံးတွက်"

taehyungပြုံးလိုက်သည်။ အမြဲအလိုမကျတဲ့
ချစ်စရာကောင်းသောသူရဲ့လေးလုံးလေး
ဆီမှဒီစကားကြားရတော့ ဂုဏ်ယူချင်သွားသည်။

"ကျေဇူးတင်တာကိုယ်မလိုချင်ဘူး..."

"ဟင်..."

သူ့စကားဆုံးမော့ကြည့်လာတဲ့လူသား
ရဲ့များဝန်းတွေနဲ့ဆုံးမိချိန်မှာ ရင်ထဲက
စကားတွေပြောဖို့အားမရှိ...လူတစ်ယောက်
တွက်‌ေတာင်နေရာမပေးနိုင်တော့တဲ့ဒီနှလုံး
သားမှာ Jungkookဆိုတဲ့သူဟာတွယ်ငြိနေခဲ့ပြီ
ဆိုတာကိုပြောခွင့်မရှိ...အကြည့်ချင်းပြန်
လွဲလျက်...

Tʜᴇ Tʀᴜᴛʜ Uɴᴛᴏʟᴅ ^short story^{ 𝗘𝗱𝗲𝗻 𝗖𝗼𝗻𝘁𝗲𝘀𝘁}Where stories live. Discover now