𝒯𝒽ℯ 𝒯𝓇𝓊𝓉𝒽 𝒰𝓃𝓉ℴ𝓁𝒹 1

3.4K 179 11
                                    

Unicode.

နာရီနှိုးစက်သံမြည်တာသုံးကြိမ်မြောက်
မှာအိပ်ယာပေါ်ကကျုံးရုံးထလိုက်သည်
မိုး‌အေးအေးလေးနဲ့ပြန်အိပ်ချင်ပါသော်
လည်းသင်တန်းကတက်ရဦးမယ်လေ.... ။

မိုးအေးအေးလေးနဲ့ ကော်ဖီခွက်လေး
ဘေးနားချ စာအုပ်ကောင်းကောင်းလေး
ဖတ်ရမယ်ဆို....အိုး!ဘယ်လောက်မိုးသဲသဲ
အဲ့နေ့ကတစ်ကယ့်ကိုသာယာနေမှာဘဲ
ဒါပေမယ့်အခုတော့...

"မနက်စာစားသွားဦးလေ Jungkookiee"

အပေါ်ထပ်ကစာအုပ်တစ်ပွေ့နဲ့ လေးထောင့်
မျက်မှန်လေးကိုကပြာကယာတပ်ရင်း
ပြေးဆင်းလာတဲ့သူ့ကိုမနက်စာစားဖို့မီးဖို
ချောင်ကနေခေါ်နေတဲ့သူ့အမေနားသွား
ရင်း

"သွားတော့မယ်မေမေ...နောက်ကျနေပြီ"

မေမေ့ပါးကို မွ ကနဲတစ်ချက်မြည်အောင်
နမ်းရင်း ‌ပန်းကန်ထဲကထောပတ်သုတ်ထား
တဲ့ပါမိုန့်တစ်ချက်ပါးစပ်ကကိုက်ကာလွယ်အိတ်
လွယ်လျက် ခြင်းထဲကထီးအနီလေးထုတ်ပြီး
ဆောင်းရင်း သင်တန်းဆီထွက်လာခဲ့သည်
အိမ်ကနေတွေးခဲ့တဲ့ဇိမ်ရှိလှတဲ့ တနင်္ဂနွေနေ့
လေးကိုတော့စိတ်ကူးထဲမှာသိမ်းဆည်းရင်းပေါ့.....။

ကျယ်ပြန့်လှတဲ့new yorkမြို့
လူပေါင်းစုံသွားလာနေတဲ့ ဒီမြို့ကြီးမှာ
သူတို့မိသားစုအခြေချခဲ့တာ6နှစ်ရှိရော
ပေါ့...တစ်နည်းအားဖြစ်အဖေဆုံးပြီးက
တည်းကပါဘဲ...။

အထက်တန်းထိကိုး‌ရီးယားမှာ ‌အဖေရယ်
သူရယ်အဘွားရယ်နေခဲ့တယ် မေမေကတော့
New Yorkမှာစားသောက်ဆိုင်လေး
ဖွင့်ထားတယ်ပေါ့...တစ်ကွဲတစ်ပြားဖြစ်
နေရတဲ့မိသားစုကတော့ တစ်ခြားတွေးစရာ
မလိုပတ်ဝန်းကျင်အမြင်လိုBroken
familyလေးပေါ့...။

သူအထက်တန်းနောက်ဆုံးနှစ်မှာ
အဖေရဲ့မှားယွင်းမှုတစ်ခုကြောင့်သူတို့
မိသားစုလေးပြိုကွဲသွားခဲ့တယ် ....
အဖေ့ရဲ့အမှားဟာမတော်တဆပေမယ့်
ဖောက်ပြန်တာပါဆိုပြီး ပတ်ဝန်းကျင်ရဲ့
ကဲ့ရဲ့တဲ့စကားတွေ မေမေ့အပေါ်သနား
မှုအပြည့်နဲ့ကြည့်နေခဲ့တဲ့မျက်လုံးတွေ
ကိုမာနကြီးတဲ့မေမေဟာသည်းမခံနိုင်ဘဲ
သူတို့နဲ့ဝေးရာထွက်သွားခဲ့တယ်...။

Tʜᴇ Tʀᴜᴛʜ Uɴᴛᴏʟᴅ ^short story^{ 𝗘𝗱𝗲𝗻 𝗖𝗼𝗻𝘁𝗲𝘀𝘁}Where stories live. Discover now