Part-2

1.2K 153 2
                                    

Unicode
ရှေ့မှ ခြေထောက်တိုတိုလေးများဖြင့် ယိုင်နဲ့နဲ့လမ်းလျောက်နေသော ပေါက်စကို ဆိုဖာပေါ်မှာ ထိုင်ချမိရင်း ရှောင်းကျန့်တစ်ယောက် သက်ပြင်းချမိတာအကြိမ်ကြိမ်။ဘာလိုလိုနဲ့ ရှောင်းကျန့်ဘဝထဲသို့ ထိုကလေးပေါက်စ ရောက်လာသည်မှာ ယခုဆိုလျှင် တစ်နှစ်ခွဲပင်ကျော်သွားလေပြီ။
ရှောင်းကျန့်လဲ ခါးပိုက်နှိုက်မလုပ်ဖြစ်သည်မှာ တစ်နှစ်ခွဲကျော်နေပြီ။ မလုပ်ဖြစ်သည်ဆိုတာထက် မလုပ်ရဲတော့ခြင်းဖြစ်သည်။
နောက်တစ်ခါ ခါးပိုက်နှိုက်ရင်း ကလေးပါရမည့်အဖြစ်မျိုး ထပ်ဖြစ်မှာ အလွန်ကြောက်ပါသည်။
ရှေ့က ပေါက်စနကို မွေးတုန်းကတောင် အလွန်တာဝန်ကြီးခဲ့တာ မဟုတ်လား။
ကလေးက နို့ဆာလို့ငိုမှန်းမသိ၊ချီးပါချင်လို့ငိုမှန်းမသိနဲ့။အဲ့အချိန်တုန်းက ရှောင်းကျန့်မှာ စိတ်ညစ်လွန်းလို့ ပေါက်စနဲ့အပြိုင်ပင် လိုက်ငိုမိသည်။
ကိုယ်ကိုယ်တိုင်ကလဲ မိဘမဲ့ဖြစ်သည့်အားလျော်စွာ ဒီကလေးကို မိဘမဲ့ဂေဟာကို မပို့ရက်။ နောက်ပြီး ကလေးအမေကျန်ခဲ့သော ပိုက်ဆံအချို့အဝက်ကို ရှောင်းကျန့်က ပျော်ပျော်ကြီး သုံးပြီးသွားလေပြီ။ပိုက်ဆံကုန်သွားမှ ကလေးကိုမျက်နှာလွှဲလုပ်သည်ဟူသော အဖြစ်မျိုးတော့ ရှောင်းကျန့်ကလက်မခံနိုင်ပါ။ထို့ကြောင့် ဤကလေးဟာ ရှောင်းကျန့်ဆီတွင် သောင်တင်သွားခြင်း ဖြစ်သည်။

တစ်နှစ်ခွဲအရွယ်ဖြစ်၍ ကလေးက လမ်းအနဲငယ်လျှောက်ကာ စကားများလဲဝူးဝူးဝါးဝါးပြောနေလေပြီ။သို့သော် ကလေးအား ယခုအချိန်အထိ နာမည်မပေးရသေး။
ထိုကလေးမိခင်ရဲ့ ပိုက်ဆံအိတ်ထဲတွင်ပါလာသော မှတ်ပုံတင်အရ ဝမ်မျိုးရိုးဆိုတာတော့ သိလေသည်။နေရပ်လိပ်စာက ပျက်နေသဖြင့် နေရပ်လိပ်စာကို မသိလိုက်ရ။
သိရင်တောင် ရှောင်းကျန့်က ကလေးတဖက်နဲ့ အလုပ်ရှုပ်ခံပြီး စုံစမ်းနေမှာမဟုတ်။

"ပေါက်စ...ဒီကိုလာအုံး"

ကလေးက လမ်းလျှောက်နေရင်း သူ့အသံကြားတော့ လှည့်ကြည့်လာသည်။သို့သော်လဲ တစ်နှစ်ခွဲအရွယ်ကလေးက သူ့စကားကို နားမလည်နိုင်သည့်အားလျော်စွာပင် ဆိုဖာခုံကို ကိုင်ရင်းလျှောက်မြဲသာလျှောက်နေလေသည်။

စောက်ကလေးနဲ့ကျွန်တော်Where stories live. Discover now