Part 4

1.1K 136 9
                                    

Unicode

ရှောင်းကျန့်နှင့်ပေါက်စတို့ ရေခဲမုန့်ဆိုင်မှ အမြန်ထွက်ကာ ကျောင်းဘက်သို့အမြန်ထွက်လာခဲ့လေသည်။
ပေါက်စလက်ကို ကိုင်ဆွဲထားရင်းဖြင့် ရှောင်းကျန့်အသိချင်ဆုံးမေးခွန်းကို မေးလိုက်လေသည်။

"ပေါက်စ...ခုနပိုက်ဆံတွေကို ဘယ်က ရတာလဲ"

ပေါက်စက ပြန်မဖြေပဲ မျက်လုံးကို တောင်ကြည့်မြောက်ကြည့် လုပ်နေလေသည်။ထိုအမူအရာမှာ ပေါက်စ တစ်ခုခုမဟုတ်တာလုပ်ထားတိုင်း လုပ်နေကျ အမူအမူအရာပင်။

"ပေါက်စ ပါးပါးမေးတာကို သေချာဖြေစမ်း"

"အဲ့..အဲ့ဒါက ဟိုလေ..ဟို ဟို ဦးဦးယွီပင်းဆီက ရတာ"

ပေါက်စအဖြေကြောင့် ရှောင်းကျန့်က မျက်ခုံးပင့်မိသည်။ယွီပင်းလို လူဆီက ပိုက်ဆံကို ဘယ်နည်းနှင့်မှ အသာတ
ကြည့်ရမည်မဟုတ်။အဘယ့်ကြောင့်ဆိုသော် ယွီပင်း၏ အလွန့်အလွန် ကပ်စီးနည်းမှုအကြောင်းကို ရှောင်းကျန့်က နောကြေအောင်သိနေသောကြောင့်ဖြစ်သည်။

"ပေါက်စ ယွီပင်းဆီက ဘယ်လိုရခဲ့တာလဲ..ပါးပါးကိုမလိမ်နဲ့နော်...ပါးပါးလိမ်တာမကြိုက်ဘူး"

ပေါက်စက ခေါင်းလေးကို ငုံ့ကာ လက်တုတ်တုတ်ကလေးတွေကို အချင်းချင်းပွတ်ရင်း

"ဟို...ဟို..ဦးဦးယွီပင်းရဲ့ ဘောင်းဘီအိတ်ထဲမှာ ထွက်နေလို့ အသာလေးနှိုက်လာတာပါ"

"ဟမ်...ပေါက်စ မင်းကို အဲ့လိုလုပ်ရမယ်လို့ ဘယ်သူသင်ပေးလိုက်တာလဲ"

"ဟို..အဲ့ဒါကဦးဦးယွီပင်းက ပါးပါးအရင်တုန်းက လုပ်ခဲ့တဲ့အလုပ်ဆိုပြီး ပြောပြတာ"

ရှောင်းကျန့်လဲ ဝမ်ရိပေါ်၏စကားကြောင့် အော်ရယ်ချင်မိလေသည်။ယခုအချိန်ဆိုလျှင် ယွီပင်းတစ်ယောက် သူ့ပိုက်ဆံပျောက်လို့ ကမ္ဘာပျက်နေလောက်ပြီ။
သူပဲ ကလေးကို မဟုတ်တာတေ သင်ပေးတာပါ။ခဲံပေါ့။
ရှောင်းကျန့်နှာခေါင်းရှုံ့လိုက်ရင်း ရှေ့က ပေါက်စကိုသာ ငုံ့ကြည့်လိုက်သည်။အခုဆိုရင် ရှောင်းကျန့်ကိုယ်တိုင်စွန့်ပစ်ထားသော အနှီသောက်ကျိုးနဲ ခါးပိုက်နှိုက်သည့် အလုပ်ကို ဝမ်ရိပေါ်က လက်ဆင့်ကမ်းတက်မြောက်သွားပြီ။

စောက်ကလေးနဲ့ကျွန်တော်Where stories live. Discover now