Part 3

1.1K 148 3
                                    

Unicode

"ဘာ ရှောင်းကျန့် မင်းက အဲ့ကလေးကို ကျောင်းထားဖို့အတွက် ငါ့ဆီမှာ အလုပ်လိုချင်တယ်ပေါ့ "

ရှောင်းကျန့်ပြောလာသည့်် စကားကြောင့် ယွီပင်းတစ်ယောက် အံသြနေမိလေသည်။အရင်ကဆို သူ့Barမှာ အလုပ်လုပ်ဖို့ပြောတိုင်း လွတ်လွတ်လပ်လပ်နေချင်သည်ဟု ပြောကာ အမြဲငြင်းခဲ့သော ရှောင်းကျန့်က ယခုတော့ လိုလိုချင်ချင်ပင် အလုပ်လာတောင်းနေလေသည်။ ရှောင်းကျန့်က ဘဝကိုလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးဖြတ်သန်းရတာကို သဘောကျသည်။အချုပ်အနှောင်ကို မုန်းတီးလွန်းသူဖြစ်သည်။ သို့သော်လဲ လွန်ခဲ့သော လေးနှစ်ခန့်၊ကလေးတစ်ယောက်ကို မွေးစားပြီးသည့်အချိန်မှစ၍ ရှောင်းကျန့်က သူ့ရဲ့ လွတ်လပ်မှုအချို့ကို ကန့်သန့်ကာ ထိုကလေးအတွက်သာ အချိန်ပေးခဲ့သည်။ယခုလဲ အရက်နံ့တွေကို မကြိုက်သည့်ရှောင်းကျန့်က ထိုကလေးကြောင့်ဟူသော အကြောင်းပြချက်ဖြင့် သူ၏Barတွင် လိုလိုချင်ချင်ဖြင့် အလုပ်လာတောင်းလေသည်။

"ရှောင်းကျန့်...မင်းနဲ့ငါ့Barနဲ့မဖြစ်လောက်ဘူး...တစ်ခြားမှာအလုပ်သွားတောင်းကြည့်ပါ့လား"

ယွီပင်းပြောလိုက်တော့ ရှောင်းကျန်က ခေါင်းကို ငိုက်စိုက်ချလိုက်ကာ..

"တစ်ခြားနေရာတွေက ပိုက်ဆံသိပ်မရဘူးလေ...နောက်ပြီးငါက စာမတတ်ဘူး..ဒါပေမယ့် ငါ ပေါက်စကိုတော့ တတ်စေချင်တယ်...ပေါက်စကို အပူအပင်ကင်းကင်းနဲ့ပညာသင်စေချင်တယ်...ငါသွားတဲ့နောက်လျှောက်ခေါ်ပြီး ငါ့လိုမကြီးပြင်းစေချင်ဘူး"

ရှောင်းကျန့်စကားကြောင့် ယွီပင်းစိတ်မကောင်းဖြစ်မိလေသည်။ သူကမှ ကျောင်းပြီးတဲ့အထိနေခဲ့ရသေးသည်။ ရှောင်းကျန်ကတော့ ဦးလေးဖြစ်သူကောင်းမှုကြောင့် မူလတန်းအထိသာတက်ခဲ့ရပြီး သေစာရှင်စာ သာတတ်ခဲ့သည်။ရှောင်းကျန့်က ပညာကိုအရမ်းလိုလားသော်လဲ ဘဝပေးအခြေအနေကြောင့် ပညာတစ်ပိုင်းတစ်စသာ သင်ခဲ့ရလေသည်။ထို့ကြောင့် ဝမ်ရိပေါ်ကို ပညာတတ်ဖြစ်စေချင်နေခြင်းပင်။

စောက်ကလေးနဲ့ကျွန်တော်Where stories live. Discover now