Episode 1

3.5K 206 24
                                    

ကျွန်မအခုထိရှာဖွေလို့မရသေးတဲ့အရာနှစ်ခုရှိတယ်။
တစ်ခုက ပျော်ရွှင်မှု၊
နေ့စဥ်ရှင်သန်ရင်းတာဝန်အရပြုံးရယ်နေရတာက
ပျော်ရွှင်မှုလား။
ပျော်ရွှင်မှုအစစ်အမှန်ကရှာဖွေရတာလား။
သူ့အလိုလိုရောက်လာတာလား။
ကျွန်မ စိတ်လွတ်ကိုယ်လွတ်မရယ်မောဖြစ်တာ
နှစ်အတော်ကြာခဲ့ပြီ။

နောက်တစ်ခုက ကျွန်မဆီကိုတစ်လတစ်ခါ
ရောက်လာတတ်တဲ့ အချစ်စာကိုဘယ်သူပို့တာလဲ၊ဘယ်ကပို့တာလဲဆိုတာခုချိန်ထိကျွန်မရှာမတွေ့သေးဘူး။ ကျွန်မဆီမှာ စာ 35 စောင်ရှိနေပြီ။
ဒီနှစ် ခရစ်စမတ်မတိုင်ခင်စာတစ်စောင်
လက်ခံရရှိမှာကိုလည်းကျွန်မသိနေတယ်။

အခန်းတံခါးခေါက်သံတိုးတိုးကြောင့်
ကျွန်မအတွေးတွေရပ်သွားတယ်။
ဝင်လာတဲ့သူနာပြုလေးဆီက ဖိုင်တွဲတစ်ခုကို
ကျွန်မစစ်ဆေးကြည့်လိုက်သည်။ဒါ သာမာန်ပါပဲ။

လူနာတွေရဲ့စိုးရိမ်ပူပန်မှုကို ကျွန်မစကားနဲ့နှစ်သိမ့်ရတယ်။ခွဲစိတ်ဓားတွေ၊ဆေးထိုးအပ်တွေသိပ်မသုံးရပေမယ့် ကျွန်မကသူတို့ဦးနှောက်တွေကိုကုစားပေးရတယ်။

" သူကဆေးရုံဆင်းတော့မှာပေါ့ "

" ဟုတ်တယ် ဒေါက်တာကင်မ် ခု ပန်းခြံထဲမှာထိုင်
နေတယ် သူမပြန်ခင်ဒေါက်တာနဲ့တွေ့ချင်တယ်တဲ့"

သူနာပြုဟိုက အခန်းပြင်ပြန်ထွက်သွားကို
ကျွန်မငေးကြည့်နေတယ်။ဒေါက်ဖိနပ်နဲ့သံမံတလင်း
ထိခတ်သံကနားထောင်လို့ကောင်းနေတယ်။
ထိုအသံပျောက်သွားမှကျွန်မထပြီးအနွေးထည်
ယူဝတ်လိုက်သည်။

စိတ်ရောဂါကုဆေးရုံတွေကိုတိတ်ဆိတ်တဲ့မြို့ပြင်လိုနေရာမျိုးမှာလာဆောက်ထားတာကို ကျွန်မအပြစ်မပြောလို။ထောင်တွေကိုလည်းမြို့ပြင်မှာဆောက်ကြတာပဲလေ။အမှားလုပ်မိလို့ခန္ဓာကိုယ်အကျဥ်းချတဲ့
ထောင်၊အပြစ်လုပ်မိလို့စိတ်အကျဥ်းချခံရတဲ့
စိတ္တဇဆေးရုံရယ် ကုသရတာခြင်းမတူပေမယ့်
အတူတူပဲ့လိုကျွန်မမြင်တယ်။ဒါပေမယ့် စိတ်အကျဥ်းချခံရတယ်သူတွေကပိုပြီးသနားစရာကောင်းတယ်။

ဆေးရုံရဲ့အုတ်တံတိုင်းကကျွန်မအရပ်ထက်လေးဆလောက်မြင့်သည်။နံရံမှာပန်းချီလိုတွေရေးဆွဲထားပြီး
အခြေမှပန်းပင်တွေအစုံအလင်နဲ့ပန်းခြံငယ်လိုမျိုး
ပြုလုပ်ထားသည်။

Happier Where stories live. Discover now