ဘဝမှာလူတစ်ယောက်က အရာရာတိုင်းကို
တစ်ကြိမ်သာရွေးချယ်ခွင့်ရှိတယ်လို့ထင်တယ်၊
ဘယ်လား၊ညာလား။ တောင်လား၊မြောက်လား။လူတစ်ေယာက်ရဲ့အနာဂတ်က ထိုလူရဲရွေးချယ်မှုနဲ့ပဲသက်ဆိုင်သလို အတိ်တ်ကိုလည်းြပင်ဆင်ခွင့်
မရှိပါ။မျက်တောင်မခတ်ကြည့်နေတဲ့ လီဆာရဲ့
မျက်ဝန်းတွေကို ဂျင်းနီပြန်ကြည့်မိတဲ့အခါ။
လီဆာရဲ့မေးခွန်းကို ဂျင်းနီဘယ်လိုြပန်ေြဖရမလဲ။
အချိန်တွေအကြာြကီးစဥ်းစားနေမိသည်။
ဘယ်လိုေြဖတာကသူတို့အတွက်အကောင်းဆုံး
ရွေးချယ်မှုဖြစ်မလဲ။သူသင်ယူဖူးတဲ့စိတ်ပညာနဲ့ဆိုင်တဲ့သင်ခန်းစာတွေကိုပါတွေးြကည့်နေမိပေမယ့်
ဆိုင်မှမဆိုင်တာ။လီဆာက နေကြာတစ်စည်း ဒေစီတစ်စည်းယူလာပြီးသူ့ရှေ့မှာကိုင်ပြထားသည်။အဝါရောင်အပွင့်လေးတွေနဲ့ အဖြူနဲ့အဝါစပ်ထားတဲ့ပန်းလေးနှစ်စည်းက
သိပ်ကိုလှပါသည်။" Daisy "
ဂျင်းနီ မျက်လုံးစုံမှိ်တ်ပြီးေြဖလိုက်ခြင်းတော့
မဟုတ်ခဲ့ပါ။ဒေစီပန်းစည်းလေးကိုလှမ်းယူလိုက်ပြီး
လီဆာကိုမော့ြကည့်ရင်းေြဖလိုက်ခြင်းဖြစ်ပါသည်။ြကည်လင်နေပါတယ် တောက်ပလွန်းပါတယ်လို့ထင်တဲ့ လီဆာရဲ့မျက်ဝန်းတွေက ြပိုတော့မည့်မိုးလို
ြဖစ်သွားကာ ြပုံးနေသောမျက်နှာကအနေအထား
မပြတ်ရှိနေတယ်။ဂျင်းနီကဒေစီပန်းစည်းကိုကိုင်ရင်း လီဆာရဲ့ရင်ခွင်ထဲကိုတိုးဝင်ကာနေလိုက်တာေြကာင့် လီဆာပါးပြင်ပေါ်ကပူနွေးတဲ့ရေစီးေြကာင်းကိုမတွေ့ခဲ့ပါ။
လူတွေရဲ့မျက်ဝန်းတွေကိုဖတ်ပြီး
ဘာတွေတွေးနေလဲ၊ဘာလိုချင်လဲဆိုပြီးစိတ်တွေနဲ့
ယဥ်ပါးတဲ့စိတ်ရောဂါကုဆရာဝန်တစ်ယောက်က
လီဆာရဲ့မျက်ဝန်းတွေကိုမဖတ်ခဲ့သလို နားလည်ပေးဖို့လည်းမကြိုးစားခဲ့ပါ။ဂျင်းနီသဘောကျတာကိုပဲရွေးပြီး
ဂျင်းနီလိုအပ်တာကိုပဲဖြည့်ဖို့တွေးခဲ့ပါသည်။
လီဆာဘက်ကအတွေးတွေကိုမေးမြန်းခြင်း
မရှိသလိုသိဖို့လည်းမကြိုးစားခဲ့ပါဘူး။
ဒါက ဂျင်းနီကင်မ်ပါပဲ။
လီဆာသိတဲ့ဂျင်းနီကင်မ်ပါပဲ။
YOU ARE READING
Happier