လူတစ်ချို့ကမပိုင်ဆိုင်ရလည်းဖြစ်တယ်ဆိုတဲ့
စကားမျိုးကိုပြောတတ်ကြတယ် ဒါဟာ
တကယ်တမ်းဆုံးရှုံးရတော့မယ့်အနေအထားမျိုး
ကိုအလွယ်လေးကျော်ဖြတ်နိုင်ဖို့ဆင်ခြေသက်သက်ပါပဲ။▫
" စာတွေထပ်ရောက်လာသေးလား ဂျင်းနီ "
ညစာစားြပီးလို့အိမ်ရှေ့ဧည့်ခန်းထဲမှာထိုင်နေကြရင်း
ရုပ်သံလိုင်းတစ်ခုကလာနေတဲ့ဇာတ်ကားတစ်ခုကို
ြကည့်နေကြသည်။ လီဆာရော ဂျင်းနီရော ြကမ်းပြင်မှာထိုင်နေကြပြီးစားပွဲပေါ်မှာတော့ ဘီယာဘူးနှစ်ဘူး
ရှိနေတယ်။ဂျင်းနီမသောက်ချင်ဘူးပြောပေမယ့်
လီဆာယူလာခြင်းဖြစ်သည်။" မရောက်တာ နှစ်လလောက်ရှိပြီထင်တယ် "
ဟိုတစ်ခါ ပန်းဆိုင်ကို ဂျင်းနီရောက်လာပြီးတည်းက
လီဆာတို့မတွေ့ဖြစ်ကြတာ နှစ်လလောက်ရှိနေပြီ။
ဒီကြားထဲဖုန်းအဆက်အသွယ်ပဲလုပ်ခဲ့ကြရင်း။
လီဆာက ဂျင်းနီဆီကရုန်းထွက်ဖို့နည်းလမ်းကို
ရှာနေပေမယ့်ရှာမတွေ့ဘဲ သူ့ဆီကိုပဲတစ်ဝဲလည်လည်
ြပန်ရောက်နေတဲ့စိတ်တွေကိုချိုးနှိမ်လို့မရခဲ့ပါ။အလိုက်သိစွာ သုံးနှစ်လုံး တစ်လမပြတ်ပို့ခဲ့တဲ့
စာပို့ခြင်းကိရပ်တန့်လိုက်တော့ ရင်ထဲဟာသွား
ရသည်။တိုတောင်းတဲ့စာလေးတစ်စောင်ပို့ရဖို့
အတွက် တစ်လလုံးရင်ခုန်ရတဲ့ခံစားချက်ကို
လီဆာပိုကြိုက်မိပါသည်။ဆက်ပို့လို့မဖြစ်တော့
ဘူးဆိုတဲ့အချက်ကိုလက်ခံလိုက်တာက
ဂျင်းနီစိတ်ရှုပ်နေမှာစိုးလို့ရယ်။တကယ်ဆို သူနဲ့ဂျင်းနီကအပြိုင်ဖြစ်နေတဲ့
မျဥ်းတစ်ခုပေါ်မှာရပ်နေမိကြပြီထင်ပါတယ်။
ရှေ့တိုးမရနောက်ဆုပ်မရတဲ့အေြခအနေတစ်ခုကို
ကိုယ်တိုင်ဖန်တီးထားကြတာလို့ထင်ပါသည်။
နည်းနည်းရှေ့တိုးလိုက်တာနဲ့နည်းနည်းပိုဝေးသွား
ရလိမ့်မည်။ဒါတွေကိုအချစ်လို့ခေါင်းစဥ်တပ်ရူးမိုက်ရအောင်
ကလည်းနှစ်ယောက်လုံးကဆယ်ကျော်သက်လည်း
မဟုတ်ကြ။ လီဆာကတော့ ပိုင်ဆိုင်ချင်လားလို့
မေးရင် ဟုတ်လို့ ေြဖမှာပေမယ့် ဂျင်းနီကတော့
မသိနားမလည်တဲ့အကြည့်မျိုးနဲ့ကြည့်လိမ့်မည်။
ဘာအတွက်လဲ လီဆာကိုဘာလို့လဲ စသဖြင့်မေးခွန်းတွေနဲ့ပေါ့။ဂျင်းနီက ဒီအေြခအနေလေးတိုင်းကို
သဘောတကျရှိနေခြင်းသည် လီဆာရှေ့တိုးမည်ကို
ရပ်တန့်စေသောအကြောင်းရင်းဖြစ်သည်။
YOU ARE READING
Happier