Episode 6

762 134 6
                                    

စွန့်လွှတ်ခြင်းကိုပိုမိုနားလည်လာတဲ့အခါ
တစ်စုံတစ်ဦးကိုချစ်ရတာ ပျော်ဖို့ကောင်းပါသည်။
ဒါပေမယ့် တစ်ခါတစ်ရံမှာ အချစ်ကို ရယူဖို့
ကြိုးစားသင့်လား။

အနည်းငယ်ကိုက်ခဲနေတဲ့ခေါင်းကိုလက်ဖြင့်ဖိကာ
လီဆာထထိုင်လိုက်သည်။နာရီကိုြကည့်မိတော့
မနက်ရှစ်နာရီရှိနေပြီ။ ဒီနေ့အလုပ်သွားချင်စိတ်
လည်းမရှိ။ချယ်ယောင်းလည်းပြန်သွားပြီထင်သည်။

ရေချိုးပြီးအခန်းပြင်ထွက်လာတော့ အရင်အတိုင်းတတိတ်တဆိတ်၊ ကက်ဆက်နားကိုသွားကခလုတ်ဖွင့်လိုက်တော့ြကားနေကြ ခေတ်ဟောင်းတေးကို
ြကားလိုက်ရ၍မနက်ခင်းကလှပသွားသည်။

စားပွဲပေါ်ကဖုန်းကဖုန်းအားကုန်နေပြီဖြစ်တာ
‌ေြကာင့်အားသွင်းထားလိုက်သည်။
မနေ့မနက်တည်းကအားမသွင်းရသေးမှန်း
သတိရမိတော့ပြုံးလိုက်မိသား။ ကင်မရာအပြင်
သူ့ဖုန်းနဲ့ပါဂျင်းနီပုံတွေကိုရိုက်နေခဲ့သည်မဟုတ်ပါလား။ကြိုးဖုန်းနဲ့ချယ်ယောင်းဆီလှမ်းဆက်ကာ
အလုပ်မလာနိုင်‌ေြကာင်း‌ေြပာရသည်။

" ခဏလေး နင်ဘာပြောတာလဲ ချယ်ယောင်း "

ချယ်ယောင်းလှမ်းပြောတာကိုနားထောင်ပြီးချိန်မှာ
တော့ ကြိုးဖုန်းကိုပစ်ချကာ အားသွင်းထားသော
ဖုန်းဆီပြေးကာပါဝါဖွင့်သည်။ ချက်ချင်းပွင့်
သွားတာကိုကျေးဇူးတင်ကာဖုန်းကိုကြည့်လိုက်
တော့ SMS ကဆယ်စောင်လောက်ဆိုပေမယ့်
များသည်။ အဝင်call ကြီး 96 ခါရှိ‌ေနသည်။
ဂျင်းနီတစ်ဦးတည်းကခေါ်ထားတာဖြစ်သည်။

လီဆာ ပြန်ဆက်ကြည့်တော့ဖုန်းပိတ်ထားသည်နဲ့သာတိုးသည်။ညကသောက်ပြီးအိပ်ပျော်သွားသော
သူ့ကိုသူအပြစ်တင်ကာဆိုင်ကယ်သော့ယူပြီး
အခန်းပြင်ပြေးထွက်သွားသည်။ဖိနပ်စီးဖို့ရာ
မေ့သွားတာ‌ေြကာင့်နောက်တစ်ကြိမ်အခန်းထဲ
ပြန်လာရပြီးအကျီကိုပါအပေါ်တစ်ထည်ထပ်ဝတ်ရ
ပြန်သည်။တစ်လက်စတည်း ကျောပိုးအိတ်ကိုပါ
ယူခဲ့လိုက်သည်။

ဖုန်းခေါ်၍မရတာ‌ေြကာင့် တစ်ခုခုဖြစ်နေပြီလား
ဆိုတာထက် 96 ဆက်တဲ့ဖုန်းကို သူမကိုင်မိလို့
စိတ်ဆိုးနေမှာကိုပိုပြီးစိုးရိမ်နေမိတာ။
ပန်းဆိုင်ကိုဝင်ကာနေကြာပန်းတစ်စည်းဝင်ယူ
လိုက်သည်။ ပြီးတော့ ရေခဲမုန့်ဆိုင်ဘက်ကို
‌ေြပးကာရေခဲမုန့်တွေအများကြီးဝယ်လိုက်သည်။
ပန်းစည်းကိုရောရေခဲမုန့်တွေကိုရော ကျောပိုးအိတ်ထဲထည့်ကာ ဒေါက်တာရှိရာဆီခရီးနှင်သည်။

Happier Where stories live. Discover now