One week later.....
ဒီနေ့ yoongi တစ်ယောက် ကျောင်းဆရာစလုပ်ရမယ့်နေ့ပင်
ထို့ကြောင့် စောစောစီးစီးထပြီးပြင်ဆင်
.
.
.
.
.
.
.
.
.
.
.
မယ်လို့မထင်လိုက်ပါနဲ့ အခုချိန်ထိ စောင်ပုံထဲကနေမထရသေးပါဘူး ညီမဖြစ်တဲ့ကျောင်းသူကတော့ အကုန်ပြင်ဆင်ပြီးသွားလို့ မနက်စာစားဖို့တောင်ပြင်နေလေပီ
ိ
"ကိုကို တစ်ယောက်မထသေးဘူးလားမသိဘူး ဒါနဲ့များကျောင်းဆရာလုပ်ဦးမယ်တဲ့ ဟုတ်တော့ဟုတ်နေပါပြီ"
Yoonji တစ်ယောက်မီးဖိုခန်းထဲ၌မနက်စာပြင်နေရင်း ပါးစပ်ကလည်းသူ့အကိုကို ပွစိပွစိပြောနေလေသည် မနက်စာပြင်ပြီးသွားတော့ အပေါ်ထပ်သူ့အကိုအခန်းဆီသို့ဦးတည်လိုက်သည်
"ဒုန်း ဒုန်း ဒုန်း!!!"
"ကိုကိုရေမထသေးဘူးလား နောက်ကျမယ်နော်"
အော်လည်းအော် တံခါးကိုလည်းတဒုန်းဒုန်းထုနေတဲ့ yoonjiကြောင့် yoongiတစ်ယောက် မထချင်ထချင်နဲ့ထလာပြီး တံခါးလာဖွင့်ပေးကာ ပြန်အိပ်ဖို့လုပ်နေလေသည်"ဟာ ကိုကိုပြန်မအိပ်နဲ့တော့ထတော့ ကျောင်းသွားဖို့နောက်ကျတော့မယ်"
"Yoonji ရာခနလေးပါ ကိုကို့ကိုငါးမိနစ်လောက် ခနလေးပေးအိပ်ပါ"
အိပ်ချင်မူးတူးနဲ့ စောင်ပုံထဲကမထွက်ဘဲ လက်ငါးချောင်းထောင်ကာပြောနေတဲ့ Yoongi
"ငါးမိနစ်လည်း မရဘူး ငါးစက္ကန့်လည်းမရဘူး ထတော့ကိုကိုရာ"
ပြောလည်းပြော yoongi ခြုံထားတဲ့ စောင်ကိုလည်းဆွဲချ လိုက်ကာတွေကိုလည်းဆွဲဖွင့်တော့သည်
"ရား! မင်ယွန်းဂျီ"
"ဘာလဲ"
"နင်တော့နော် အငယ်ဆိုပြီးအလျှော့ပေးထားတာကို"
"ညီမလေးလည်း ကိုကို ကို့အကြီးမလို့အလျှော့ပေးထားတာနော်"
"ရား!!!"
နေ့တစ်နေ့ရဲ့ မနက်ခင်းလေးကတော့ မင်မောင်နှမရဲ့ ရန်ဖြစ်သံလေးနဲ့အစပြုလေသည်"မင်းတို့ကောင်တွေက ကျောင်းမသွားကြဘူးလား"
ယွန်းဂီ ရေမိုးချိုးပြင်ဆင်ပြီး မနက်စာစားဖို့အောက်ထပ်ဆင်းကာ ထမင်းစားခန်းထဲဝင်တော့ ဂျောင်ကုတို့ကိုတွေ့လို့မေးလိုက်ခြင်းပင်
"သူတို့က ညီမလေးနဲ့အတူနေ့တိုင်း ကျောင်းသွားနေကျ"
"မင်းတို့အိမ်က မနက်စာမကျွေးဘူးလား"
ယွန်းဂီမေးလိုက်တော့ ကိတ်ခြောက်ကို ကော်ဖီထဲနှစ်ပြီး တို့စားနေတဲ့ ဟိုဆော့လက်တွေရပ်သွားသည်
"ကိုကို ဘယ်လိုတွေပြောလိုက်တာလဲ ဒီမှာသူများစားနေတာကို"
"မဟုတ်ဘူးလေ ငါကသိချင်လို့မေးတာလေ"
"သူတို့က နေ့တိုင်းညီမလေးအိမ်ကိုအရင်လာတယ် ပြီးကျမှ စက်ဘီးတစ်ယောက်တစ်စီးနဲ့ ညီမလေးအိမ်ကနေမှ ကျောင်းသွားကြတာ အရင်နေ့တွေက သူတို့တွေ အိမ်ထဲတောင်ဝင်တာမဟုတ်ဘူး အိမ်ရှေ့ကနေဘဲလ်တီးတာနဲ့ ညီမလေးက ကိုယ့်စက်ဘီးကိုထုတ်ပြီး သွားရုံပဲ အခုကကိုကိုကြောင့်"
"ငါက ဘာလုပ်လို့လဲ"
"ကိုကိုက အိပ်ရာထနောက်ကျနေတာကိုး ပြီးတော့တစ်ယောက်တည်း စိတ်မချဘူးလေ"
"အမယ် နင်ကပဲငါ့ကိုစိတ်ပူရတယ်ရှိသေး"
"ပူရတာပေါ့"
"ပူမနေနဲ့ ငါကကလေးလည်းမဟုတ်သလို မိန်းကလေးလည်းမဟုတ်ဘူး"
"မိန်းကလေးတွေထက်တောင် ဖြူနုဥအက်ပြီး ချစ်ဖို့ကောင်းနေလို့ စိတ်မချဖြစ်နေရတာပေါ့"
"ရား! မင်းယွန်းဂျီ ငါနင့်အစ်ကိုနော် နင့်ညီမမဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ်"
"ကယ် ဒီမောင်နှမနှစ်ယောက် တော်ကြပါတော့ အဲ့လိုနဲ့ကျောင်းနောက်ကျတော့မယ်"
ဂျီမင်းဝင်ပြောတော့မှ တစ်ယောက်နဲ့ တစ်ယောက်မျက်စောင်းထိုးကာ ရပ်သွားကြသည်
မနက်စာစားပြီးတော့ ကျောင်းသွားဖို့ အိမ်ရှေ့မှာရပ်ထားတဲ့ စက်ဘီးတွေစီသို့ ထွက်လာခဲ့ကြသည် ပြဿနာကအဲ့မှာစတာပဲ စက်ဘီးက4စီး လူက၆ယောက် ယွန်းဂျီတို့သူငယ်ချင်းတွေက သူတို့စက်ဘီးကိုယ်စီနဲ့ ဟုတ်နေကြပေမယ့် မရှိတာက ယွန်းဂီ ဂျီမင်းနဲ့ထယ်ယောင်းက ချစ်သူတွေမလို့ စက်ဘီးကိုနှစ်ယောက်တစ်စီးစီးကြသည် ဂျောင်ကုက တစီး ဟိုဆော့ကတစ်စီး ယွန်းဂျီက တစ်စီးစီးကြသည်