Episode~3

319 49 2
                                    

အပေါ်ထပ်ရောက်တော့ ယွန်းဂျီအခန်းရှေ့မှာ မတ်တပ်ကြီးရပ်နေပါသောဟိုဆော့ကြောင့် လေးယောက်သား အနားပြေးသွားလိုက်ကာ

"ဟိုဆော့ ဘာဖြစ်တာလဲ" ယွန်းဂျီမှ‌ေမးလိုက်သည်
"အ အ အထဲမှာ ဘယ် ဘယ်သူလဲမသိဘူး နင့် နင့်ကုတင်ပေါ်မှ အိပ် အိပ်နေတယ်"
အထစ်ထစ်အငေါ့ငေါ့ နဲ့ဆိုလာသောဟိုဆော့ကြောင့် ယွန်းဂျီသူ့အခန်းထဲသို့ဝင်သွားလေသည် ဂျောင်ကု ဂျီမင်း နဲ့ထယ်ယောင်းတို့လည်းနောက်မှလိုက်ဝင်သွားသည် ဟိုဆော့မှာတော့ ဂျီမင်းဆွဲခေါ်လာရသည်

လေးယောက်သားအခန်းထဲရောက်တော့ ကုတင်ပေါ်မှာအိပ်နေတဲ့ လူသားကိုတွေ့ကာ အာမေဍိတ်သံတွေကိုယ်စီထွက်လာကြသည်

"ကိုကို!" "ဟင်!" "ဟာ!"

စောင်တွေကြားထဲမှာလုံးထွေးနေပြီး မျက်နှာလေးပေါ်ကာ ဘေးတစောင်းလေးအိပ်နေတဲ့ ယွန်းဂီ မျက်နှာကလည်း ခြုံထားတဲ့စောင်နဲ့အပြိုင် ဖြူဖွေးနေသည် ပါးလေးနှစ်ဖက်ကလည်း ဖောင်းနေကာပေါက်စီလုံးလေးလိုဖြစ်နေပြီး သွေးကြောစိမ်းတွေလည်း ယှက်ပြေးနေသည် မျက်လုံးမှိတ်ထားတာကြောင့် မျက်တောင်စိပ်စိပ်လေးတွေကအထင်းသား ဘာမှခြယ်သထားခြင်းမရှိပဲ နဂိုပန်းရောင်သန်းနေတဲ့ ပါးလှပ်လှပ် နှုတ်ခမ်းပါးလေး အိပ်နေတာ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်နေပုံကြောင့် 28နှစ်ပါလို့ပြောရင် ယုံချင်စရာမရှိ

Jk's pov
ဟိုဆော့အော်သံကြောင့် အပေါ်တက်ကြည့်လိုက်တော့ ယွန်းဂျီအခန်းရှေ့မှာမတ်တပ်ရပ်‌ေနပြီး အနားရောက်သွားတော့ အထစ်ထစ် အငေါ့ငေါ့နဲ့ပြောနေတာကြောင့် ယွန်းဂျီကသူ့အခန်းထဲဝင်သွားတော့ ကျတော်တို့လည်းလိုက်ဝင်လိုက်တယ်။

အခန်းထဲရောက်တော့ တွေ့လိုက်ရတာက ကုတင်ပေါ်က စောင်တွေကြားထဲ မြှုပ်ကာမျက်နှာပဲ‌ေဖာ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့လူတစ်ယောက်။

မျက်နှာလေးက ဆောင်းတွင်းမှာကျတဲ့ နှင်းတွေတောင် အရှုံးပေးရလောက်အောင်ဖြူဖွေးနေသည်  ဘေးတစောင်းအိပ်နေတာကြောင့် ခေါင်းအုံးနဲ့အပ်နေတဲ့ပါးလေးက ပြားနေပြီး တစ်ဖက်ကပါးလေးကတော့ ဖောင်းနေသည် နှုတ်ခမ်းလေးတွေကလည်း ချယ်ရီရောင်လိုလို ပန်းရောင်လိုလို သန်းနေကာ ရှေ့ကိုဆူထွက်နေသည်။

Min Yoongi Is My Own TeacherWhere stories live. Discover now