Episode~6

405 54 11
                                    

At school
ကျောင်းရောက်တော့ စက်ဘီးထားတဲ့နေရာမှာ စက်ဘီးတွေကိုထားခဲ့ကြပြီး ကျောင်းဝန်းထဲဝင်လာလိုက်သည် ဂျောင်ကုတို့ဝင်လာတာနဲ့ ကျောင်းရှိ ကျောင်းသူလေးများရဲ့ အသံက ဆူညံသွားလေသည် ဂျောင်ကုတို့အဖွဲ့သည် စာတော်သလို ရုပ်ရည်ကလည်း အပြစ်ပြောစရာမရှိပေ

အခုဆိုရင် ယွန်းဂီကအလယ်ကလျှောက်ပြီး သူ့ညာဘက်တွင်တော့ ယွန်းဂျီ vmin တို့ရှိပီး ဘယ်ဘက်တွင်တော့ ဂျောင်ကုနဲ့ ဟိုဆော့တို့က ကျောင်းဝန်းထဲသို့ တစ်လှမ်းချင်းလှမ်းလာလေသည်

"ရား! ရား! ဟိုမှာကြည့်စမ်း ဂျောင်ကုဘေးက ပါလာတာဘယ်သူလဲမသိဘူး"
"အေးနော် တစ်ခါမှမတွေ့ဖူးဘူး ကြည့်ရတာသူ့ညီထင်တယ်"
"အာ့ဆိုရင် ငါတို့တော့ ငမ်းဖို့နောက်တစ်ယောက်ထပ်တိုးလာပြီဟေ့"
ဒါကတော့ သာမန်မိန်းကလေးတွေရဲ့ပြောစကားပင် ကျောင်းက ဖူဂျိုရှီတွေရဲ့ အမြင်ကတော့

"ရား! ဂျောင်ကုဘေးကတစ်ယောက်ကိုကြည့်စမ်း ဖြူဖြူသေးသေးနဲ့ချစ်စရာလေး ဂျောင်ကုနဲ့တွဲလျှောက်နေတာ မသိရင် အတွဲတွေကျနေတာပဲ"
"အေးဟုတ်တယ် ပြီးတော့သူတို့နှစ်ယောက်ကလိုက်လည်းလိုက်တယ် တစ်ယောက်က ဖြူဖြူသေးသေးလေးနဲ့ ချစ်စရာလေး နောက်တစ်ယောက်က ဗလတောင့်တောင့် ခပ်မိုက်မိုက်နဲ့ မိုက်တယ် ငါ့ideal type"
"ဟဲ့ ခနနေဦး ငါတို့သာ ပေးစားနေတာ သူတို့ကညီအစ်ကိုတွေဆိုဘယ်လိုလုပ်မလဲ"
"ဒီပုံနဲ့ ဒီပုံက ညီအစ်ကိုဖြစ်စရာလား ဖြစ်ချင်းဖြစ် လင်လင်တွေပဲဖြစ်မှာပေါ့ နင်ဆိုသည်မှာလည်း ဖူဂျိုရှိဖြစ်တာဖြင့် နှစ်ချို့နေပြီ ဒီလောက်တောင်မခွဲတတ်ဘူးလား"
"အာ့လည်းဟုတ်တာပဲ ဒါနဲ့ ဘယ်သူက အထက်ကဖြစ်မယ်လို့နင်ထင်လဲ"
"သေချာပေါက် ဂျောင်ကုပေါ့ဟ"
"အာ့ဆိုငါတို့ဒီနေ့ကစပြီး သူတို့နှစ်ယောက်ကို ship ရအောင်"

ယွန်းဂီတစ်ယောက် ကျောင်းဝန်းထဲကို ခြေချလိုက်တည်းက အားလုံးရဲ့အကြည့်တွေက သူ့ဆီပဲရောက်လာလို့ နေရထိုင်ရတာ အဆင်မပြေ‌ေတာ့ပေ မနေနိုင်တဲ့အဆုံး သူ့ဘေးက ညီမဖြစ်သူကို လှည့်မေးတော့သည်

"ရား! အငယ်မ ဘာလို့ အကုန်လုံးကငါ့ပဲဝိုင်းကြည့်နေတာလဲ"
"ဘာလို့ဆို ကိုကိုက ကျောင်းရဲ့ king ဖြစ်သူနဲ့ တွဲလျှောက်လာတာကိုး"
"King? ဘယ်မှာလဲ"
ယွန်းဂျီပြောလိုက်တော့ ခေါင်းကို ပတ်ပတ်လည်လှည့်ပီးရှာနေတဲ့ ယွန်းဂီကြောင့် ယွန်းဂျီတစ်ယောက်မသိမသာသက်ပြင်းချလိုက်သည်

Min Yoongi Is My Own TeacherWhere stories live. Discover now