"ဟဲ့!!!ထတော့လေမထသေးဘူးလား"ဖြူ"သမီးရေထတော့လေကျောင်းနောက်ကျနေမယ်"
အချိန်မှန်လွန်းပြီးဘဝမှအကောင်းဆုံးနိုးစက်သဖွယ်အမေ့ရဲ့အိပ်ယာနှိုးသံလေးနဲ့ကျမနိုးထလာခဲ့တယ်ငယ်"တည်းကအမေ့ရဲ့နှိုးသံလေးကြားမှထတတ်တာမို့နိုးနေရင်တောင်အမေနှိုးမှထတတ်တာအကျင့်တစ်ခုလိုတောင်ဖြစ်ခဲ့ရပီပေါ့...
"ဟယ်...ဒီခလေးမထိုင်နေပြန်ပြီမြန်မြန်ထရေမိုးချိုးပြီးဆင်းခဲ့တော့"
"ဟုတ်မေမေ"
ကျမလည်းရေမိုးချိုးမနက်စာစား၍ကျောင်းကိုရောက်ခဲ့တယ်။
"သမီးညနေကြဒီနားမှာဘဲစောင့်နေနော်ဖေဖေလာကြိုမယ်"
"ဟုတ်ကဲ့ပါသမီးသွားတော့မယ်နော်"
"အင်းဂရုစိုက်နော်"
"ဟုတ်ဖေဖေလည်းဂရုစိုက်ပါတာ.တာ...
အခန်းထဲဝင်ထိုင်လိုက်သည်ဆိုတာနဲ့ကျမနေရာမှာဝင်ထိုင်နေတဲ့ကောင်မလေးတစ်ယောက်ကြောင့်ကြောင်သွားခဲ့ရသည်။
"ဟိတ်...ဒါကျမနေရာပါ"
"အော်...ဟုတ်ကဲ့အခုမှပြောင်းလာတာမို့မသိလို့ပါsry"
"ဟုတ် ရပါတယ်"
"ဒါဆိုဘယ်နားမှာထိုင်လို့ရမလဲ"
"ရှေ့ကခုံလေးလွတ်တယ်ရှင့်ထိုင်လို့ရပါတယ်"
"ဟုတ်ကျေးဇူးပါ"
"ရပါတယ် "
"သူငယ်ချင်း လုပ်လို့ရလားတို့နာမည်က"ဆောင်းနှင်းဖြူ"ပါ"
"အားနာပါတယ်တစ်ယောက်တည်းဘဲနေတတ်လို့ပါ"
ဖြူတစ်ယောက်ဘာစကားမှမပြောနိုင်တော့အင်းပေါ့သူ့ကိုအခုလိုပြောခံရတာပထမဆုံးလေ။
"ဆောင်းနှင်းဖြူ "ဆိုတဲ့ကောင်မလေးကပျော်ပျော်နေတတ်တယ်စကားပြောလည်းကောင်းတယ်ဖော်ရွေပြီးစိတ်သဘောထားလေးလည်းပြည့်ဝတယ်ပါးဖောင်း"လေးတွေနဲ့ချစ်စရာအရမ်းကောင်းတဲ့ကောင်မလေးဆိုတော့လူတိုင်းကခင်ချင်ကြတယ်လူတိုင်းကလည်းချစ်ကြတယ်အချစ်ခံကောင်မလေးပေါ့နေရာတိုင်းမှာလူတိုင်းနဲ့ခင်မင်လွယ်သူလေးပေါ့အိမ်မှာဆိုလည်းတစ်ဉီးတည်းသောသမီးလေးဖြစ်တာကြောင့်တစ်အိမ်လုံးရဲ့အချစ်တွေကသူ့ဆီမှာသာရှိနေလေသည်။
(ခလေးဆိုးလေးပေါ့ကွာ cutie lay<)
YOU ARE READING
ချစ်ခဲ့ပါသည်သို့သော်: ")
Romanceအချစ်ဆိုတာကိုမင်းနဲ့တွေ့မှယုံကြည်ခဲ့တာမို့လို့မင်းပျော်မယ်ဆိုငါသေမတတ်နာကျင်နေရလည်းဖြစ်ပါတယ်...